Chapter(120)

4.8K 945 4
                                    

Chapter(120)
ဝူညီအကိုရဲ့အဆုံးသတ်

ရှိယန်က ဝူရုန်ကိုအသံတိုးတိုးနဲ့ ဝူညီအကိုအကြောင်းကို ပြောပြလိုက်တယ်။

လုရှောင်ယုနဲ့ချန်အာက သူ့တို့ညီအကိုနဲ့ အယောင်ဆောင်လက်ထပ်ပြီးသွားတဲ့ နောက်မှာ သူတို့က ညီအကိုနှစ်ယောက်ရဲ့ ပိုင်ဆိုင်သမျှငွေတွေကို သုံးဖြုန်းအောင် ဆွဲဆောင်ခဲ့တယ်။နောက်ဆုံးမှာ ညီအကိုနှစ်ယောက်ကလည်း အသုံးစရိတ်အတွက် အလုပ်ထွက်ရှာပြီး တစ်ကြိမ်ပြီးတစ်ကြိမ် အလုပ်ကထုတ်ခံရတယ်။အခုတော့ စားပွဲထိုးဝင်လုပ်တာဖြစ်တယ်။

ဝူရုန်ကလှောင်ရယ်လိုက်တယ်။

ဝူတနဲ့ဝူရှောင် ကသူတို့အသက်၁၂နှစ်၁၃နှစ်လောက်ကတည်းကသူ့ကို အလုပ်အကျွေးပြုခဲ့တာဖြစ်တယ်။သူတို့က ဝူဆိုသည့်မိသားစုအမည်ကိုတောင် လက်ခံရရှိထားတာဖြစ်တယ်။သူတို့က ဝူရုန်ကိုအလုပ်အကျွေးပြုရန်က လွှဲပြီး တခြားအလုပ်တွေကို လုပ်စရာမလိုအပ်ခဲ့ဘူး။သူတို့ကို တစ်ယောက်မှ လက်ညှိုးထိုးအပြစ်မတင်ခဲ့ဘူး။သူတို့ကသခင်တစ်ယောက်လို ဆယ်နှစ်ကျော်အောင် နေထိုင်ခဲ့ရတာဖြစ်တယ်။

သူတို့က ဘယ်လိုလုပ်ပြီး စားပွဲထိုးလုပ်ပြီး ဧည့်သည်တွေကို ကောင်းကောင်းဆက်ဆံတတ်မှာလဲ?

"ကြင်ယာတော် ကျွန်တော်တို့သူတို့နောက်ကိုလိုက်မှာလား?"

"မလိုဘူး။သူတို့ရဲ့ကောင်းမွန်တဲ့နေ့ရက်တွေက အဆုံးသတ်သွားပြီ"ဝူရုန်ကပြောလိုက်တယ်။

ရှိဂျူက ရထားလုံးကို မောင်းလိုက်ပြီး သူတို့က ထွက်သွားလိုက်ကြတယ်။

ဝူညီအကိုနှစ်ယောက်က သူတို့ကို ဝူရုန်တို့က ရထားလုံးထဲကနေသူ့ကိုကြည့်နေခဲ့တာကို သတိမပြုမိပါဘူး။

သူတို့ညီအကိုက အပြေးအလွှားအိမ်ပြန်လာခဲ့ကြပြီး အိမ်ပြန်တဲ့လမ်းမှာတော့ အမျိုးသမီးကြီးက သူတို့နဲ့တွေ့ပြီးဆူပူတော့တယ်။

"နင်တို့ရဲ့မိန်းမတွေက အကျင့်ကိုမကောင်းဘူး။ဒီမနက်ငါက သူတို့ကိုနင်တို့ညီလေးရဲ့ သတိုးသမီးလက်ဆောင်ဝယ်ဖို့နဲ့ နင်တို့ညီမအတွက် ခန်းဝင်ပစ္စည်းဝယ်ဖို့ ငွေတောင်းလိုက်တာကို သူတို့က မရှိဘူးလို့ပြောတယ်။ငါ့ရဲ့ထောက်ပံ့ကြေးတောင်းတော့လည်းမရှိဘူးလို့ပြောတယ်။ငါ့ကို ယောက္ခတစ်ယောက်အဖြစ် သူတို့မျက်လုံးထဲမှာမြင်ရဲ့လား?"

COTAW(unicode)Where stories live. Discover now