Chapter(70)အပ်မှာအပ်ချည်ထိုးမယ်(၁)

5.9K 1K 7
                                    

Chapter(70)အပ်မှာ အပ်ချည်ထိုးမယ်(၁)

ဝူရုန်က ပျော်ရွှင်စွာနှင့် လက်ဖက်ရည်သောက်လိုက်ပြီး လင်းမိုဟန်၏ အဖြေကို စောင့်နေလိုက်တယ်။

"ကျွန်တော့်ကို သူတို့အဖွဲ့ထဲဝင်လို့ရအောင် ကူညီပေးနိုင်မလား?"လင်းမိုဟန်က မေးလိုက်တယ်။

ဝူရုန်က ဘာမှ မပြောပါဘူး။

"ကျွန်တော်က သင့်အတွက် လုပ်ပေးနိုင်တာရှိလား?"လင်းမိုဟန်က အရိပ်အမြွက်ပြောလိုက်တယ်။

"သင်က တကယ်ဘဲ အိမ်ရှေ့စံမင်းသားအစစ်ဆိုရင် ဒီနားလာခဲ့"ဝူရုန်က ပြောလိုက်တယ်။

လင်းမိုဟန်က တုံ့ဆိုင်းနေပေမဲ့ သွားလိုက်တယ်။ဝူရုန်က လင်းမိဟန်၏နားထဲကို တီးတိုးပြောလိုက်တယ်။

"သေချာရဲ့လား?"လင်းမိဟန်သည် အံ့ဩသွားပြီး သေချာအောင် မေးလိုက်တယ်။

ဝူရုန်က ဘာမှ ပြန်မဖြေပါဘူး။

"သင့်အမည်ကို သိခွင့်ရှိမလား?"လင်းမိုဟန်က မေးလိုက်တယ်။

ဝူရုန်က အားနည်းစွာ ပြုံးလိုက်ပြီး ပြောလိုက်တယ်"ကျွန်တော်က ဝူရုန် သင်ဒီမှာ နှစ်ရက်လောက်နေလိုက်ပါ။ဒီနှစ်ရက်အတွင်းမှာ သူတို့အဖွဲ့ထဲဝင်နိုင်အောင် အခွင့်အရေးရှာပေးမယ်"

"အရာရာတိုင်းအတွက် ကျေးဇူးတင်ပါတယ်"လင်းမိုဟန်သည် ပြောပြီးတာနှင့် ချက်ချင်းဘဲ ထွက်သွားလိုက်တယ်။

ရုတ်တရက် အသံကျယ်ကြီးကို ကြားလိုက်ရတယ်။ဟေးရှင်း၏စိုးရိမ်နေသည့် အော်သံလည်း ထွက်ပေါ်လာတယ်။

"သခင်ငယ်လေး အဆောက်အအုံက ပြိုကျသွားပြီ ထွက်လာတော့"

ဒီကလေးက တကယ်ကို သန်မာတာဘဲ။

ဝူရုန်က ဒီကလေးသည် တစ်လအတွင်း အိမ်တော်ထဲရှိ အဆောက်အအုံတွေ အားလုံးကို ဖျက်ဆီးပစ်မလားဆိုတာ သံသယရှိတယ်။

"သခင်ငယ်လေးက တကယ်ကို သန်မာတာဘဲ"ရှိရီက ပြောလိုက်တယ်။

ညစားစားချိန်ရောက်သည့် အချိန်မှာတော့ ဥကလေးသည် ဆော့ရတာမောသွားတာကြောင့် ဟေးရှင်း၏ပခုံးပေါ်မှာ အိပ်ပျော်နေပြီဖြစ်တယ်။

COTAW(unicode)Where stories live. Discover now