Chapter(131+132+133+134)

5.4K 895 11
                                    

အရှက်မဲ့သောချစ်ဇနီး
Chapter(131)
အဲဒီလူဘဲ

"ဘန်း!"ဒေါင်မင်ဂျီကတစ်ခုခုပြောဖို့လုပ်လိုက်ပေမဲ့ဝူပုဖန်ကစားပွဲကိုရိုက်လိုက်ပြီးပြောလိုက်တယ်"တော်လောက်ပြီ။ငါကအခြေအနေကိုရှင်းရှင်းလင်းလင်းမသိခင်ဘာယ်သူ့ကိုမှသံသယမဝင်ဖို့မပြောထားဘူးလား?မင်းကငါ့စကားကိုအရေးမထားတာလား?"

ဒေါင်မင်ဂျီကအလျော့မပေးသေးဘဲပြောလိုက်တယ်"အဘိုး ကျွန်မတို့ကအမှန်တရားကိုမသိခင်ဝူရုန်နဲ့သူ့ယောက်ျားကိုမသွားခိုင်းနဲ့။လူတိုင်းကဒီလိုဖြစ်စေချင်မှာဘဲ"

လင်းလုယန်ကတုံ့ဆိုင်းနေပြီးမှခေါင်းငြိမ့်လိုက်ပြီးအခြားသူတွေကလည်းခေါင်းငြိမ့်လိုက်ကြတယ်။

အဲဒီအချိန်မှာဘဲအစောင့်တစ်ယောက်ကပြေးလာပြီးပြောလိုက်တယ်
"ခေါင်းဆောင် သခင်ချွင်ဘင်နဲ့သခင်ချွင်လီတို့ကပြန်လာပြီ"

ဝူချွင်ချင်တို့နဲ့ဝူရုန်တို့ကလွဲပြီးလူတိုင်းရဲ့မျက်လုံးတွေကတောက်ပလာတယ်။သူတို့ရဲ့နောက်ခံကအိမ်ပြန်လာပြီ!

မကြာခင်မှာတော့ဝူချွင်ဘင်တို့ကအပြေးအလွှားဝင်လာပြီးမေးလိုက်တယ်"လူတိုင်းကအဆင်ပြေရဲ့လား?"

ဒေါင်မင်ဂျီကသူမရဲ့ယောက်ျားကိုတွေ့တာနဲ့မျက်ရည်တွေနဲ့ရှုပ်ထွေးစွာပြောလိုက်ပြောလိုက်တယ်"ချွန်တုန် ကျွန်မနဲ့ကျွန်မတို့ရဲ့သားကိုကယ်ပါအုန်း"

ဝူချွင်တုန်ကဒေါင်မင်ဂျီရဲ့နက်ပြာရောင်သန်းနေတဲ့မျက်နှာကိုကြည့်လိုက်ပြီးရှေ့တိုးလာ၍သူမကိုကိုင်လိုက်ပြီးမေးလိုပ်တယ်"ငါတို့ကဘာဖြစ် တာလဲဆိုတာတော့သိပြီ။။မင်းအခုဘယ်လိုနေလဲ?အဆင်ပြေရဲ့လား?"

"ခန္ဓာကိုယ်တစ်ခုလုံးကနာနေတယ်။ကျွန်မကသေတော့မလိုခံစားနေရတယ်"ဒေါင်မင်ဂျီကဝူချွင်တုန်အပေါ်မှာမှီလိုက်ပြီးပြောလိုက်တယ်"ချွန် တုန် မနေ့ညတုန်းကအစေခံတစ်ချို့ကသေသွာူတယ်။ဒါပေမဲ့ကျွန်မတို့ကဘာမှမလုပ်နိုင်ဘူး။ကျွန်မကြောက်တယ်။ချွန်တုန် ဝူရုန်ကိုဖြေဆေးပေးဖို့ပြောပေး။မဟုတ်ရင်ကျွန်မနဲ့ရှင့်သားနှစ်ယောက်လုံးကသေသွားလိမ့်မယ်"

COTAW(unicode)Wo Geschichten leben. Entdecke jetzt