Chapter(13+14)

6.6K 1.1K 11
                                    

Chapter(13)လျှို့ဝှက်စွမ်းရည်များ

ဟေးဂန်းသည် ဝူရုန်၏ စည်ဘိုင်းခန္ဓာကိုယ်က တံခါးဘောင်အတွင်းမှ ပြည့်ညှပ်နေတာကို ကြည့်ပြီး မပြုံးဘဲမနေနိုင်တာကြောင့် သူ့အပြုံးကို ဖုန်းကွယ်ဖို့ လက်သီးဆုတ်ကို ပါးစပ်နားမှ ကာထားလိုက်တယ်။သူက အစေခ့တေါကို အဆောက်အဦးအတွင်းမှာရှိသည့် တံခါးတိုင်းကို အနည်းဆုံးခုနှစ်ပေရှိသည့် တံခါးတွေနှင့်လဲဖို့ အမိန့်ပေးလိုက်တယ်။

ဝူရုန်က ကယ်ဆဘ်ခံပြီးသည့်နောက်မျာတော့ သူက အနောက်ခြံဝင်းထဲမှာရှိသည့် သေးငယ်သည့် တံခါးတွေကို ရှောင်ရှားရမယ်ဆိုသည့် သင်ခန်းစာတစ်ခုက်ု သင်ယူရလိုက်တယ်။သူက အထဲဝင်သွားတော့ အလောင်းကောင်အစေခ့တွေက တံခါးနားမှာ ရပ်စောင့်နေကြတယ်။

ဝူရုန်က တံခါးနားကို ရောက်လာသည့်အခါ ဟေးရွမ်ရီအထဲကို ဝင်လာတာကို တွေ့လိုက်ရတယ်။

"ဘာလဲ?"ဝူရုန်က စိတ်ရှုပ်သွားတယ်။

ဟေးရွမ်ရီက အခန်းထဲမျာ တည်ငြိမ်စွာရှိနေတာက သူက ဒီမှာ ညအိပ်မယ်ဟု ဆိုလိုတာဖြစ်တယ်။

"....."ဝူရုန်

အရင်ဘဝတုန်းက ဟေးရွမ်ရီက သူ့အခန်းကို မလာခဲ့ဘူး။သူတို့လိင်ဆက်ဆံခဲ့ရင်တောင် ညကို အတူတူမကုန်ဆုံးကြဘူး။ဒါကလည်း အဲဒီအချိန်တုန်းက ဝူရုန်က ဟေးရွမ်ရီကို မုန်းလွန်းတာကြောင့် အခန်းခွဲအိပ်ခဲ့တာဖြစ်တယ်။

COTAW(unicode)Where stories live. Discover now