Chapter(195+196+197)

3.4K 651 7
                                    

Chapter(195)
အရင်ဘဝတုန်းကဇာတ်ကြောင်း(4)

ဝူရုန်က လှည့်ပတ်ကြည့်လိုက်တော့ ဟေးရွမ်ရီက အိပ်ရာပေါ်မှာခြေချိတ်ထိုင်နေတာကိုတွေ့လိုက်ရတယ်။

"မကောင်းဆိုးဝါးဝိညာဉ်မုဆိုးတွေ ဘယ်မှာလဲ?"

ဟေးရွမ်ရီက ဘာမှပြန်မဖြေဘဲ သူ့အနားကိုတိုးကပ်လာခဲ့တယ်။

ဟေးရွမ်ရီက သူ့ရဲ့ခန္ဓာကိုယ်ကို အစီအရင်ချပေးထားပြီး သူကအဲဒီအတွင်းမှာသာနေထိုင်နိုင်မှာဖြစ်တယ်။

ဟေးရွမ်ရီက သူ့ရဲ့စိတ်စွမ်းအင်တွေကို အစီအရင်မှတစ်ဆင့် ဝူရုန်ကိုလွှဲပြောင်းပေးလိုက်တယ်။ဒီနည်းအားဖြင့်  သူကသူ့ရဲ့ခန္ဓာက်ိုယ်အတွင်းမှာ ရှိနေတဲ့အချိန်အတွင်းမှာ နေရောင်ကိုမကြောက်ရွံ့တော့မှာဖြစ်တယ်။

ဝူရုန်က သူ့ရဲ့ခန္ဓာက်ိုယ်က  အာရုံငါးပါးကိုစတင်ပြီးခံစားရတာကို နိုင်တာကိုစိတ်လှုပ်ရှားစွာ တွေ့လိုက်ရတယ်။

ရုတ်တရက် ဟေးရွမ်ရီက ပါးစပ်အပြည့်သွေးအန်ထုတ်လိုက်တယ်။

နောက်တော့ ဝူရုန်က ဟေးရွမ်ရီရဲ့ခန္ဓာက်ိုယ်သည် အားနည်းစွာလဲကျသွားတာကိုတွေ့လိုက်ရတယ်။

"ဟေးရွမ်ရီ"သူကဟေးရွမ်ရီရဲ့ခန္ဓာကိုယ်ကို သူ့လက်မောင်းထဲမှာဖမ်းလိုက်ပြီး ဟေးရွမ်ရီရဲ့သွေးခုန်နှုန်းကိုစမ်းလိုက်တော့ ဟေးရွမ်ရီသည်သေခါနီးလူတစ်ယောက်လို အလွန်အားနည်းနေတာကိုတွေ့လိုက်ရတယ်။သူက သူ့ရဲ့သိုလှောင်နေရာထဲက ဆေးပြားကိုထုတ်ယူဖို့ကြိုးစားလိုက်တယ်။ ဒါပေမဲ့ သူသေဆုံးပြီးသွားကတည်းက သူကစိတ်စွမ်းအင်မရှိတော့တာကြောင့် သိုလှောင်ရာနေရာကိုဖွင့်ဖို့မဖြစ်နိုင်ဘူး။ပြီးတော့ သူကသေဆုံးသွားပြီဖြစ်တာကြောင့် သူ့မှာစိတ်စွမ်းအင်တွေရှိနေသေးလားဆိုတာတောင် မသေချာတော့ဘူး။

သူကအော်လိုက်တယ်"ဟေးရှင်း ဟေးဂန်းကဒီကိုမြန်မြန်လာခဲ့"

ဟေးရှင်းကပြေးဝင်လာပြီး"ဘာမှားလို့လဲ?"

"ဟေးရွမ်ရီက သေတော့မယ်"သူကဝမ်းနည်းစွာ ပြောလိုက်တယ်။

ဟေးရှင်းကဆေးတစ်ပြားထုတ်ယူ၍ ဟေးရွမ်ရီကိုတိုက်လိုက်ပြီး စက်ပြင်းချပြီးပြောလိုက်တယ်"သူကသူ့ကိုယ်သူ ကောင်းကောင်းဂရုမစိုက်ဘူး။သူကမကောင်းဆိုးဝါးမုဆိုးတွေကို ရှောင်ရှားဖို့ တိုက်ခိုက်ရင်းသူ့ရဲ့စိတ်စွမ်းအင်နယ်မြေ ထိခိုက်ခဲ့တယ်။အခုသူက  သူ့ရဲ့စွမ်းအားတွေကို မင်းကိုလွှဲပြောင်းပေးတယ်။တကယ်ကိုဘဲ သူကဒီလိုလုပ်လို့မဖြစ်ဖူးလေ"

COTAW(unicode)Where stories live. Discover now