352-353

2K 349 1
                                    

Unicode
352-353

Chapter(352)
အရွယ်ရောက်သူကစားနည်း(1)

"ငါက မင်းပြောတဲ့အတိုင်း ငါတို့နိုင်ပြီးသွားတာနဲ့ သူကို သတ်ပစ်လိုက်တယ်။ဒီလိုဆိုမှ မင်းသိထားတဲ့သင့်တဲ့ အကြောင်းအရာရှိသေးတယ်။စန်းလန်က အရန်အစီအစဉ်က လုပ်ခဲ့တယ်"

သူက စန်းလန်အကြောင်းပြောတဲ့အခါ ပြင်းထန်လာပြီး"သူက ဘာစီကို တစ်ခုခုလုပ်ထားခဲ့တယ်။ဒါ့ကြောင့် ဘာစီက သူ့မိသားစုကိုတွေ့တဲ့အခါ ရုတ်တရက်ကြီး စကားပြောခဲ့တယ်။ဘာစီက မင်းက စန်းလန်ကိုဖိအားပေးပြီး သူ့ကိုရုပ်သေးရုပ်လုပ်စေတယ်လို့ ပြောခဲ့တယ်။ကပ်ပါးထန်းကျောင်းသူခေါင်းဆောင်က အရမ်းဒေါသထွက်သွားခဲ့တယ်။ဒါကြောင့်ဘဲ မင်းက သူတို့ရဲ့ပစ်မှတ်ဖြစ်မှာစိုးတာကြောင့် ငါက အင်ပါယာမြို့တော်ကို အမြန်လိုက်လာခဲ့တာဘဲ။ငါ ဒီလောက်မြန်မြန်လာခဲ့တာက မင်းကို သတိပေးဖို့ဘဲ။ရုန်အာ မင်းက တကယ်ကို ဂရုစိုက်ရမယ်။ကဝေခေါင်းဆောင်က စန်းလန်လိုမျိုး ရင်ဆိုင်ဖို့ လွယ်တဲ့သူ မဟုတ်ဘူး"

"......"ဝူရုန်

သူ့ရဲ့ရန်သူတွေက ဦးတည်ချက်နှစ်ခုထက်ပိုနေတာပေါ့။သူက အလယ်မှာရှိနေပြီး သူ့ရန်သူတွေက သူ့ပတ်ဝန်းကျင်မှာရှိနေပြီပေါ့။

"ကဝေခေါင်းဆောင်က ဆံကျစ်နှင့်မျက်နှာပေါ်မှာ တက်တူးတွေရှိတဲ့မိန်းမလား?"ဟေးရွမ်ရီက မေးလိုက်ပြီး စားပွဲပေါ်မှာ သူ့လက်ချောင်းတွေနှင့် တတောက်တောက်ခေါက်နေတယ်။

"မင်းတို့က သူမနဲ့ တွေ့ပြီးပြီလား?မင်းတို့တိုက်ခိုက်ပြီးပြီလား?"နူမူက စိုးရိမ်နေတယ်။

"......"ဝူရုန်

ဒါဆို သူတို့အသုဘသွားချတဲ့အချိန်တုန်းက တွေ့ခဲ့တဲ့လူစုပေါ့။

"ကျွန်တော်တို့က လွန်ခဲ့တဲ့နှစ်ရက်တုန်းက သူတို့ကိုတွေ့ခဲ့တယ်။အဲဒီအချိန်တုန်းက သူမနှင့်သူ့နောက်လိုက်တွေက မြို့ဝင်ပေါက်နားမှာဘဲ"

"သူမမှာ လူဘယ်လောက်ပါလာလဲ"

"တစ်ရာလောက်"

"သူမနှင့်အတူ ထွက်ပြေးသွားတဲ့သူတွေက ဒီထက်များတယ်။သူတို့က မြို့ရဲ့အနီးအနားတစ်နေရာမှာ ပုန်းနေတာဖြစ်နိုင်တယ်"

COTAW(unicode)Where stories live. Discover now