Chapter(153to157)

5.1K 847 18
                                    

အရှက်မဲ့သောချစ်ဇနီး
Chapter(153)
ကျွန်တော်ကခင်ဗျားကိုလျှို့ဝှက်ချက်တစ်ခုပြောပြမယ်(1)

ဝူချွင်ချင်နဲ့စူချင်ခြံဝင်းတစ်ခုလုံးကအထုတ်အပိုးတွေနှင့်အတူသူတို့ကဝူရှောင်ရန်နှင့်မုရှူဝမ်ကိုအစီအရင်ခံခြင်းမရှိဘဲဝူအိမ်တော်မှထွက်လာခဲ့ကြတယ်။

ဝူရှောင်ရန်ကဝူချွင်ချင်သည်စိတ်စွမ်းအင်တွေပြန်ရရှိသွားပြီးသူတို့ကတောင်ဘက်ခြံဝင်းမှထွက်သွားတယ်ဆိုတာကြားတာနဲ့သူကထိုင်ခုံမှာတောင်မထိုင်နိုင်တော့ဘဲဒေါသချောင်းချောင်းထွက်လာတယ်။

ဆိုးတာကဒါကဝူရုန်အပေါ်ကိုသက်ရောက်မှုမရှိဘဲသူ့ကိုစိတ်လှုပ်ရှားပျော်ရွှင်စေတယ်။သူကဝူအိမ်တော်ကထွက်လာကတည်းကတစ်လမ်းလုံးပြုံးနေခဲ့တယ်။ဟေးရွမ်ရီကသူတို့ကိုတံခါးနားမှာစောင့်နေတာကိုတွေ့တော့သူ့ရဲ့ခံစားချက်တွေကပိုကောင်းလာတယ်။ဝူရုန်ကသူ့ရင်ထဲကတစ်စုံတစ်ခုကတစ်စုံတစ်ခုကလျောကျသွားသလိုမျိုးခံစားရပြီးပျော်ရွှင်နေတယ်။ဝူချွင်ချင်နှင့်ဂေါင်တုန်ကလည်းသူတို့ကိုဝူရုန်ဝယ်ပေးထားတဲ့အိမ်ကိုရောက်တော့ပိုပြီးပျော်ရွှင်နေတယ်။သူတို့ကဘယ်တော့ကမှဝူအိမ်တော်ကနေပြောင်းလာရလိမ့်မယ်လို့မတွေးခဲ့ဖူးဘူး။သူတို့ကဒီပတ်ဝန်းကျင်နဲ့ပိုပြီးရင်းနှီးလာဖို့အချိန်တစ်ချို့ပေးရန်သာလိုအပ်တယ်။ဒါပေမဲ့သူတို့ကအိမ်ကိုပထမဆုံးမြင်လိုက်တာနှင့်သန့်ရှင်းသပ်ရပ်ပြီးအနုစိတ်ပြင်ဆင်ထားတာကိုကြည့်ပြီးသူတို့ကအိမ်ကိုချစ်မြတ်နိုးတယ်။ဒါ့အပြင်အိမ်ကဟေးရှင်းကစူချင်ခြံဝင်းထက်ကြီးတယ်လို့ပြောခဲ့တာထက်ကိုပိုပြီးကြီးမှာတယ်။ဒီမှာလူအများကြီးကနေဖို့သင့်လျော်တယ်။

"ရုန်အာ ဒီနေရာကအရမ်းလှတာဘဲ"ဝူရှိကပျော်ရွှင်စွာပြောလိုက်တယ်။

လူတိုင်းကလည်းအိမ်ကိုနှစ်သက်တယ်။

"ရွမ်ရီရဲ့လေးယောက်မြှောက်ညီကအိမ်တွင်းအပြင်အဆင်တွေကိုအများကြီးပြင်ပေးထားတာလေ။တကယ်လို့မင်းတို့ကမကြိုက်တာရှိရင်ပြန်လည်ပြီးပြင်ဆင်လို့ရတယ်။ကောင်းပြီ။ငါကအိမ်တော်ရဲ့ဝင်ပေါက်မှာချင်အိမ်တော်လို့ရေးထားတယ်။တကယ်လို့အဖေကအကြိုက်ဘူးဆိုရင်ပြန်ပြင်လို့ရတယ်"

COTAW(unicode)Where stories live. Discover now