Chapter(27+28)

6.2K 1K 18
                                    

Chapter(27)ဟေးအိမ်တော်ကိုပြန်ခြင်း

ညနက်လာသည့်အခါ လူတိုင်းအိပ်ပျော်နေသည့်အချိန်မှာတော့ ဝူချွင်ချင်က ဆေးဖက်ဝင်အပင်တွေနှင့် ဆေးရည်စိမ်ဖို့ လုပ်လိုက်တယ်။ဝူရုန်က သူအဖေဘေးမှာနေရင်း သူ၏အဖေအပေါ် ဆေးတွေရဲ့တုံ့ပြန်မှာကို မှတ်သားပြီး တစ်ခါတစ်ရံ သူ၏အဖေကို ဆေးတွေ၏အကျိုးသက်ရောက်မျာကို လျှို့ဝှက်စစ်ဆေးလိုက်တယ်။

လေးညကုသပြီးသည့်နောက်မှာတော့ ဝူရုန်က သူ့ရဲ့အဖေ၏စိတ်စွမ်းအင်နယ်မြေသည် ပြန်ကောင်းနိုင်တယ်ဆိုတာ သေချာသွားတယ်။အဲဒီအချိန်မှ ဝူရုန်က အသက်ကောင်းကောင်းရှူရဲတော့တယ်။သူက ဝူမိသားကို ပြန်ရောက်ပြီး ခြောက်ရက်မြှောက်မနက်မှာတော့ ဟေးရှင်းသည် ဟေးရွမ်ရီပြန်ရောက်နေသည့် အကြောင်း သတင်းပို့လာတယ်။

မနက်စာစားပြီးနောက် ဝူရုန်သည် ရှိယန်တို့ရဲ့အကူအညီနှင့် စူချင်ခြံဝင်းက ထွက်လာခဲ့တယ်။သူက ဝင်ပေါက်ကို ရောက်လာတော့ သူ၏ဝမ်းကွဲနှစ်ယောက်ဖြစ်သည့် စတုတ္ထဦးလေး၏ အငယ်ဆုံးသားဝူရှီးနျင့်အငယ်ဆုံးဦးလေး၏သားငယ်ဝူဘိုင်တို့ ပြောလာတာကို တွေ့လိုက်ရတယ်။

ဝူရှီးနှင့်ဝူဘိုင်သည် ဝူရုန်ကိုတွေ့လိုက်သည့်အခါ နှုတ်ဖက်လိုက်တယ်"ခြောက်ယောက်မြှောက်အကို"

ဝူရုန်သည် သူတို့မျိုးဆက်ထဲမှာ ခြောက်ယောက်မြှောက်သားဖြစ်တယ်။ဒါ့ကြောင့် ဝူရုန်ထက်ငယ်သည့် ဝမ်းကွဲတွေက ခြောက်ယောက်မြှောက်အကိုဟုခေါ်တယ်။

"မနက်အစောကြီး ဘယ်ကပြန်လာတာလဲ?"ဝူရုန်က မေးလိုက်တယ်။

"ကျွန်တော်တို့က လောင်းကစားရုံက ပြန်လာတာ"ဝူဘိုင်က ဖြေလိုက်တယ်။

"ဝူဘိုင် ငါတို့ဘာကိုမှ မပြောဘူးလို့ ကတိပေးတယ်မဟုတ်လား?တကယ်လို့ ငါ့အဖေက မင်းနှင့်အတူ လောင်းကစားရုံကိုသွားတာ သိလို့ရှိရင် ငါ့ကို သူက မောင်းထုတ်လိမ့်မယ်"ဝူရှီးက ပြောလိုက်တယ်။

"ဦးလေးက မင်းကိုနှင်ထုတ်ရအောင် နှလုံးသားမမဲ့ပါဘူး"ဝူဘိုင်က မေးစေ့ကို ပွတ်ပြီးပြောလိုက်တယ်။

COTAW(unicode)Opowieści tętniące życiem. Odkryj je teraz