262-264

3.1K 553 14
                                    

262-264
Chapter(262)
သားသားက ဘယ်လောက်စားစား ဗိုက်မဝဘူး

ဝူရုန်က သူ့ကိုဘာကြောင့်လွတ်ပေးလိုက်တာလဲဆိုတာ စိတ်ရှုပ်နေသော်လည်း သူကအနက်ဈေးပိုင်ရှင်ရဲ့အိမ်ကနေထွက်လာခဲ့တယ်။သူ ဂိတ်ပေါက်ကို ရောက်လာတဲ့အချိန်မှာတော့  ဟေးရွမ်ရီနှင့်သူ့လက်မောင်းထဲကဥကလေး ဟေးရွမ်ထန်နှင့်ဟေးဂန်းတို့က သူ့ကိုစောင့်နေတာကို တွေ့လိုက်ရတယ်။

"သူရောက်လာပြီ"ဟေးရွမ်ထန်က ပြုံးပြီးပြောလိုက်တယ်။

"ပါးပါး"ဥကလေးက ဝူရုန်ကို စိတ်လှုပ်ရှားစွာ လက်ဝေ့ယမ်းပြလိုက်တယ်။

ဝူရုန်က ပြုံးလိုက်တယ်။ဥကလေးက လုံးဝအကောင်းအတိုင်းရှိနေပြီး သူက အလေးချိန်တောင်မှ တက်လာသေးတယ်။ဒါကို ကြည့်တာနှင့် သူကဒီရက်တွေမှာ ကောင်းကောင်းမွန်မွန်နေရမှန်းသိသာတယ်။

"မင်းအဆင်ပြေရဲ့လား?"ဟေးရွမ်ရီက ဝူရုန်နားကို ကပ်လာပြီးမေးလိုက်တယ်။

"ကျွန်တော်အဆင်ပြေတယ်"ဝူရုန်က သူ့နောက်မှာရှိနေသည့်အိမ်ကို လှည့်ကြည့်ပြီးမေးလိုက်တဟ်"သူက ဘာကြောင့် ကျွန်တော်တို့ကို သွားခွင့်ပြုလိုက်ရတာလဲ?"

"ငါတို့က သူ့ရဲ့စိတ်စွမ်းအင်တိုးတက်ဆေးကို မခိုးသလို စစ်သည်တွေကိုလည်း မသတ်ထားဘူးလေ။ဒါကြောင့် သူကငါတို့ကို လွတ်ပေးလိုက်တာပေါ့"

ဟေးရွမ်ထန်က ညည်းညူလိုက်တယ်"ဒါက  ငါမွေးကတကည်းက ပထမဆုံးအကြိမ် အကျဉ်းထောင်ကို ရောက်ဖူးတာဘဲ။အဲဒီနေရာက အနံ့ဆိုးဝါးပြီး ညစ်ပတ်လွန်းတယ်။အဲဒီနေရာမှာ ငါ ကြွက်တွေနဲ့ပိုးဟတ်တွေတောင် တွေ့ခဲ့တယ်။အဲဒီနေရာမှာ နေရတာထက် ငါကဂြိုလ်ပေါ်မှာနေချင်တော့တယ်။ကောင်းပြီ...ရုန်အာ မင်းကို သူတို့ဘယ်နေရာမှာထားတာလဲ?"

"ဥယျာဉ်ထဲက သံလှောင်အိမ်"

"ဒီနေရာက စကားပြောလို့ကောင်းတဲ့ နေရာမဟုတ်ဘူး။အရင်ဆုံး အိမ်ပြန်ရအောင်"ဟေးရွမ်ရီက ပြောလိုက်တယ်။

"အင်း"ဝူရုန်က ဥကလေးကို ပွေ့ချီလိုက်ပြီး သူ့ရဲ့မျက်နှာကို ဆွဲဖဲ့လိုက်ပြီး"မင်း ပျော်လွန်းလို့ မင်းရဲ့အဖေဖေနဲ့ပါးပါးရဲ့အမည်တောင် မေ့သွားပြီလား?"

COTAW(unicode)Where stories live. Discover now