Chapter(8+9+10)

7.3K 1.2K 79
                                    

Chapter(8)ကျွန်တော့်ခင်ပွန်း

ဝူချွင်ချင် ဂေါင်တုန်သည် ဟေးရွမ်ရီကို မြင်လိုက်သည့်အခါ ထိတ်လန့်သွားတယ်။ဒါပေမဲ့ သူတို့ မကြာခင်မှာဘဲ စိတ်တည်ငြိမ်သွားပါတယ်။သူတို့က ဟေးရွမ်ရီသည် ဝူရုန်ကို လမ်းလျှောက်ဖို့ လိုလိုလားလားကူညီတာကို တွေ့ပြီး စိတ်ကျေနပ်သွားတယ်။သူတို့က သူတို့သားကို ယောကျာ်းတစ်ယောက်နှင့် လက်ထပ်ပေးလိုက်ရသည့် အတွက် အပြစ်ရှိသလို ခံစားခဲ့ရတယ်။တကယ်လို့ ဝူရုန်ကသာ သူ့မိသားစုအသစ်မှာ မပျော်ဘူးဆိုရင် သူတို့တစ်ဘဝလုံး အပြစ်ရှိသလို ခံစားရပါလိမ့်မည်။

ဝူရုန်က သူ့မိဘတွေနှင့် ဟေးရွမ်ရီကို မိတ်ဆက်ပေးလိုက်တယ်"အဖေ အမေ သူက ဟေးရွမ်ရီ"

"ကျွန်တော့်ခင်ပွန်း"ဝူရုန်သည် ဟေးရွမ်ရီ၏အကူအညီကို လိုအပ်တာကို တွေးမိပြီး ထပ်ပေါင်းပြောလိုက်တယ်။

ဝူရုန်၏မိဘတွေက ပထမတော့ အံ့ဩသွားပေမဲ့ သူတို့က ခေါင်းငြိမ့်ပြီး အသိအမှတ်ပြုလိုက်တယ်။

သူတို့သည် ဝူရုန်က ဟေးရွမ်ရီကို သူ့ခင်ပွန်းဟု မိတ်ဆက်ပေးလိမ့်မယ်ဟု မမျှော်လင့်ထားခဲ့ဘူး။ဝူရုန်သည် သူ့ကို ယောကျာ်းတစ်ယောက်နှင့် စေ့စပ်ကြောင်းလမ်းထားပြီး ဟေးရွမ်ရီနှင့် လက်ထပ်ပေးရန် စီစဉ်ထားသည်ဟု ပြောတုန်းက သူက အလွန်မုန်းတီးခဲ့တယ်။ဝူရုန်က လက်ထပ်ပွဲနီးလာသည်နှင့် ပိုပိုပြီး ဖိအားတွေကို ခံစားခဲ့ရတယ်။ဒါ့ကြောင့်သူတို့က ဝူရုန်က ကိုယ့်ဘာသာ သတ်သေသွားမှာကို စိုးရိမ်ခဲ့ရတယ်။ဒါပေမဲ့ လက်ထပ်ပြီး သုံးရက်ကြာတော့ ဝူရုန်က ပြောင်းလဲသွားတယ်။

ဟေးရွမ်ရီက အိမ်တော်ထန်းယူလာပေးတဲံ လက်ဖက်ရည်ကို ဝူချွင်ချင်နှင့် ဂေါင်တုန်ကို ပေး၍ဂါရဝပြုအရိုသေပေးလိုက်ပြီး တစ်ယောက်နှင့်တစ်ယောက် ယောက္ခမနှင့်သားမက်အဖြစ် အသိအမှတ်ပြုလိုက်ကြတယ်။

ဝူချွင်ချင်သည် စကားများသည့် လူတစ်ယောက်မဟုတ်ဘူး။ဒါပေမဲ့ ဝူချွင်ချင်က အခန်းထဲက အေးစက်မှုကို ဖိုခွဲချင်ပေမဲ့ ဟေးရွမ်ရီထံမှ ရသည့်ဖိအားသည် ဝူချန်ဇီထံမှရသည့် ဖိအားထက်ပိုဆိုးပါတယ်။ဒါ့ကြောင့် အခန်းတွင်းလေထုက ထူးဆန်းနေပြီး အေးစက်သည့် အငွေ့အသက်တွေထွက်ပေါ်နေပါတယ်။

COTAW(unicode)Donde viven las historias. Descúbrelo ahora