Chapter(85)သူကအန်တယ်
"ဘယ်သူလုပ်တာလဲ?"ဝူချွင်ချင် ဂေါင်တုန်နှင့်ဝူရှိက ထိတ်လန့်စွာပြောလိုက်တယ်။
"ဝူမိသားစုအစောင့်တွေဘဲ။ဒါပေမဲ့ ကျွန်တော် သူတို့ကို တစ်ခါမှမမြင်ဖူးဘူး။ဖြစ်နိုင်တာက သူတို့ကအစောင့်တွေထဲမှာ ဝင်ရောနေတာဖြစ်လိမ့်မယ်"
"အဖေရဲ့ရန်သူဟောင်းတွေဖြစ်နိုင်လား?"ဝူရှိက မေးလိုက်တယ်။
"ငါမသိဘူး"
"အဖေကိုဖြစ်ပျက်ခဲ့တာတွေအားလုံးပြောပြ"ဝူချွင်ချင်က ပြောလိုက်တယ်။
"ကျွန်တော်တို့က ကပ်ပါးခေါင်းသစ်တောကို မရောက်ခင်အချိန်အထိ အားလုံးအဆင်ပြေတယ်။အဲဒီသစ်တောကိုရောက်တော့ ဦးလေးချွင်ဘင်က ကျွန်တော့်ရဲ့သွေားကိုသုံးပြီး ထူးဆန်းတဲ့ချိတ်စည်းကို ဖျက်ခဲ့တယ်။နောက်တော့ ကြီးမားတဲ့မွန်းစတားတစ်ကောင်က ထွက်လာတယ်။အဲဒီမွန်းစတားက တောင်တစ်လုံးလောက်တောင်ကြီးမား...."
"အမလေး!ဘုရားသခင်!အဲဒီမွန်းစတားက အကိုကြီးတို့ဖမ်းမယ့်မွန်းစတားလို့တော့ မပြောနဲ့နော်"ဝူရှိက ဖြတ်ပြောလိုက်တယ်။
"ရှိအာ မင်းအကိုကြီးရဲ့စကားကိုဖြတ်မပြောနဲ့"ဝူချွင်ချင်က ဝူရှိကို သတိပေးလိုက်တယ်။
"အဲဒီမွန်းစတားက လူတိုင်းကိုစားဖို့လုပ်တာဘဲ။ဒါကြောင့်ဦးလေးချွင်ဘင်က မှော်လက်နက်နဲ့တိုက်ခိုက်တယ်။ဒါပေမဲ့ မွန်းစတားက ဘာထိခိုက်မှုမှမဖြစ်ဘူး။ရှိသမျှလူအားလုံးက မှော်လက်နက်တွေနှင့်တိုက်ခိုက်ကြတယ်။ဒါပေမဲ့ မွန်းစတားကိုဘာထိခိုက်မှုမှမဖြစ်စေဘူး။နောက်တော့ ဦးလေးချွင်ဘင်က ဒဏ်ရာရသွားပြီး ဦးလေးချွင်လီကလည်း ထိခိုက်သွားတယ်။ဦးလေးချွင်လီဆိုရင် သူ့ရဲ့စိတ်စွမ်းအင်နယ်မြေတောင်မှ ထိခိုက်သွားတယ်။ဒါကြောင့် အားလုံးက မွန်းစတားကြီးကို အနိုင်မတိုက်နိုင်တာကြောင့် ထွက်ပြေးကြတယ်။ကျွန်တော်ကလည်း ထွက်ပြေးခဲ့တယ်။ပြီးတော့ ပြေးရင်းနဲ့ကျွန်တော်က မြေကြီးပေါ်ကို ချော်လဲကျသွားတယ်"
"နောက်တော့ကော"ဝူရုန်က စကားထောက်ပေးလိုက်တယ်။ဝူရုန်ကလွှဲပြီး လူတိုင်းက ထိတ်လန့်နေကြတယ်။