Chapter(111+112+113)

5.4K 1K 48
                                    

Chapter(111)
ဟေးရွမ်ထန်ရဲ့လက်ဆောင်များ

ဟေးရွမ်ရီသည်စာကြည့်ခန်းထဲကိုရောက်တာနဲ့တိုက်ရိုက်ဘဲမေးလိုက်တယ်"ဒီကိုလာလုပ်တာလဲ?"

ဟေးရွမ်ထန်ရဲ့အပြုံးကပျောက်သွား၍အရင်ကရူးကြောင်ကြောင်ပုံကမှတည်ငြိမ်သည့်ပုံဖြစ်သွားပြီးပြောလိုက်တယ်။

"ဝင်ပေါက်ကလဝက်အတွင်းပိတ်သွားနိုင်တယ်"

"လဝက်လား?အနည်းဆုံးတစ်လလောက်လိုသေးတယ်မလား?"ဟေးရွမ်ရီကမျက်မှောင်ကြုတ်လိုက်ပြီးပြောလိုက်တယ်။

"ဒါကိုရုတ်တရက်သတိပြုမိသွားတာ။ကြီးမြတ်တဲ့ဆရာသခင်ရဲ့ဝိညာဉ် ကကျွန်တော့်ကိုဒီကိုလာပြီးဒီအချိန်မှာပြန်မလာဖို့ပြောခိုင်းလိုက်တယ်"ဟေးရွမ်ထန်ကပြောလိုက်တယ်။

"ဘာကြောင့်ဒီလိုလုပ်လုပ်ခိုင်းတာလဲဆိုတာပြောလိုက်သေးလား?"

"ဟင့်အင်း သူကမပြောလိုက်ဘူး"ဟေးရွမ်ထန်သည်သေးငယ်သည့် ဆေးပုလင်းကိုထုတ်ယူ၍ဟေးရွမ်ရီကိုပေးလိုက်ရင်းပြောလိုက်တယ်
"သူကဒါကိုပေးခိုင်းလိုက်တယ်။ဒါကတစ်နှစ်စာအတွက်လုံလောက်တယ်လို့ပြောတယ်"

ဟေးရွမ်ရီသည်တေးပုလင်းကိုယူလိုက်ပြီးနောက်မေးလိုက်တယ်"ဒါကငါကဒီမှာတစ်နှစ်ထက်ပိုကြာအောင်နေနိုင်တယ်လို့ဆိုလိုတာလား?"

"ဟုတ် သူကအချိန်ကိုမဖြုန်းဖို့လည်းပြောလိုက်တယ်"

ဟေးရွမ်ရီသည်ဆေးပုလင်းကိုတင်းကျပ်စွာဆုတ်ကိုင်လိုက်ပြီးပြောလိုက်တယ်"တကယ်လို့ငါကလည်းမြန်မြန်လုပ်နိုင်ရင် ငါကလည်းဒီမှာအချိန်မဖြုန်းချင်ဘူး"

"ဒါ့ကြောင့်..."ဟေးရွမ်ထန်သည်ပြုံးဖြဲဖြဲရယ်လိုက်ရင်းပြောလိုက်တယ်
"ကြီးမြတ်တဲ့ဆရာသခင်ရဲ့ဝိညာဉ်ကအကို့ကိုကူညီဖို့ကျွန်တော့်ကိုလွှတ်လိုက်တာလေ"

"တကယ်လို့မင်းကသာငါ့ကိုဒုက္ခမပေးဘူးဆိုရင်ငါ့အတွက်ကံကောင်းနေပြီ"

ဟေးရွမ်ထန်ကငြင်းခုံလိုက်တယ်"အကိုကြီး ကျွန်တော့်ကိုဒီလောက်ထိပြောဖို့လိုလို့လား?အကိုကြီးကနေရာအများစုမှာကျွန်တော့်ထက်သာတယ်ဆိုပေမဲ့ကျွန်တော်ကလည်းတစ်ချို့ကိစ္စတွေမှာတော့အကိုကြီးထက်သာတယ်ဆိုတာဝန်ခံလိုက်"

COTAW(unicode)Where stories live. Discover now