Chapter(64)ကလေးလေးထွက်လာပြီ(၂)

6K 1K 3
                                    

Chapter(64)
ဝူရုန်က ကလေးလေးက ဘာကြောင့် ဟေးရွမ်ရီနှင့် ဒီလောက်တူနေတာလဲဟု တွေးနေမိတယ်။

"....."ဝူရုန်

သူက ဟေးရွမ်ရီကို ဥပေးပြီး ရယ်စရာအဖြစ် သူ့သားလို့ပြောခဲ့တာဖြစ်တယ်။ဒါက တကယ်ဘဲ ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။

အရင်ဘဝတုန်းက သူက ဘာဥကိုမှလဲ မတွေ့ခဲ့သလို ဟေးရွမ်ရီမှာလည်း ဘာကလေးမှမရှိခဲ့ဘူး။ဒါ့အပြင် ဟေးရွမ်ရီက ဘယ်မိန်းမကိုမှ မပတ်သက်ခဲ့ဘူး။သူက ဟေးရွမ်ရီကို ဥပေးပြီး ရယ်စရာလုပ်လိုက်တာက အမှန်တကယ်ဖြစ်လာတာလား?

ဒါဆို တကယ်ဘဲ သူ့သားလား?

သူ့သားဆိုရင်လည်း သူနှင့်ဘဲတူသင့်တယ်။ဒါကို ဘာလို့ ကလေးလေးက ဟေးရွမ်ရီနှင့် တူနေတာလဲ?ပြီးတော့ ဒီဘဝမှာ သူက ဟေးရွမ်ရီနှင့်မအိပ်ခဲ့ဘူး။

ဟေးရွမ်ရီက နတ်ဆိုးတစ်ကောင်စီကနေ ဒီဥကိုရခဲ့ပြီး သူမသိလိုက်ခင်မှာဘဲ သူ့အိပ်ရာပေါ်မှာ ဥကြီးကိုလာထားတာဖြစ်နိုင်လား?

ဒါလိုမျိုးဖြစ်နိုင်တယ်လို့တွေးကြည့်လိုက်တော့ သူက ဟေးရွမ်ရီကိုဥကို ပေးလိုက်သည့်အချိန်တုန်းက ဟေးရွမ်ရီသည် အံ့ဩသွားခဲ့တယ်။ဒါက ဟေးရွမ်ရီက ဒီဥကို မသိဘူးလို့ဆိုလိုတာဖြစ်တယ်။

ဒါပေမဲ့ ဟေးရှင်းနှင့် ဟေးဂန်းက ကလေးလေးက ဟေးရွမ်ရီနှင့်တူနေတာကို မအံ့ဩခဲ့ဘူး။

သူက အမှန်တရားကို သိချင်ရင် ကျင်းရှင်ကို ရှာရပါမယ်။ဒါပေမဲ့ ကျင်းရှင်က သေခြင်းကို အစိုးရသောနိုင်ငံကမ္ဘာမှာနေတာဖြစ်တယ်။ဒါ့ကြောင့် သူက သွားရှာရင်တောင် တွေ့ဖို့မလွယ်ကူပါဘူး။သူက ကျင်းရှင်ကို ဆင့်ခေါ်ဖို့ကြတော့လည်း သူ၏စိတ်စွမ်းအင်က မသန်မာသေးတာကြောင့် ဆင့်ခေါ်ဖို့ မဖြစ်နိုင်ပါဘူး။

ဟေးရှင်းက ရုတ်တရက် ဝူရုန်က ဟေးရွမ်ရီ၏ရုပ်ရည်အစစ်ကို မမြင်ဖူးတာကို သတိရသွားပြီး စကားလမ်းကြောင်းလွှဲလိုက်တယ်။

"ကြင်ယာတော် သူ့ကိုပွေ့ချင်လား?"

ဝူရုန်က ခဏလောက်တုံ့ဆိုင်းသွားတယ်။

COTAW(unicode)Where stories live. Discover now