Chapter(106)

4.9K 1K 16
                                    

Chapter(106)မကောင်းဆိုးဝါးဝိညာဉ်

"ရှိအာ ငါက ငါ့ရဲ့စွမ်းအားကို ကောင်းကောင်းမထိန်းချုပ်နိုင်သေးဘူး။ကျေးဇူးပြုပြီး တကယ်လို့များ ငါက မင်းကိုနာကျင်စေခဲ့ရင် ခွင့်လွတ်ပေးပါ"ဝူရှားကပြောလိုက်သည်။

"မစိုးရိမ်နဲ့။တကယ်လို့ ငါကလည်း မင်းကိုတူညီစွာလုပ်ခဲ့မိရင် စိတ်ထဲမထားပါနဲ့"ဝူရှိကပြောလိုက်သည်။

"သေချာတာပေါ့"ဝူရှားသည်ပြောပြီးသည်နှင့် ချက်ချင်းဘဲ သူ့ရဲ့မကောင်းဆိုးဝါးဝိညာဉ်ကို ဆင့်ခေါ်လိုက်သည်။

မကောင်းဆိုးဝါးဟာ လွန်ခဲ့သောနှစ်တစ်ရာကျော်လောက်က သေဆုံးခဲ့သည့်အမျိုးသမီးတစ်ယောက်ဖြစ်သည်။သူမက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမရဲ့ဆံပင်တွေက ရှည်လျားပြီး ညစ်ပေရှုပ်ပ္နေတယ်။သူမရဲ့မျက်နှာသည် ကြောက်စရာကောင်းစွာ ဖြူဖျော့နေပြီး သူမရဲ့မျက်လုံးတွေက အဖြူရောင်သပ်သပ်သာဖြစ်သည်။သူမရဲ့လက်သည်းတွေက ထက်မျှသည့်ဓားတစ်ချောင်းလို အရာရာကိုဆုတ်ဖြဲနိုင်ပြီး ရှည်လျားသည်။

ဝူရှားသည် သူ့ရဲ့မကောင်းဆိုးဝါးကိုကြည့်ပြီး အလွန်ဂုဏ်ယူနေဟန်ရှိပြီး သူ့ရဲ့မျက်ဝန်းထဲမှာတော့ ကောက်ကျစ်မှုတွေရှိနေသည်။

ဝူရှိသည် ဝူရှားက မကောင်းဆိုးဝါးကို ဆင့်ခေါ်လိုက်တာနှင့် သူမကလည်း ဆင့်ခေါ်ဖို့ကြိုးစားလိုက်သည်။

ဝူရှားသည် ဝူရှိကို သူမရဲ့မကောင်းဆိုးဝါးဝိညာဉ်ကို ဆင့်ခေါ်ခွင့်တောင်မပေးဘဲ သူ့ရဲ့မကောင်းဆိုးဝါးဝိညာဉ်သည် ဝူရှိရှေ့ကို စက္ကန့်ပိုင်းအတွင်းရောက်လာပြီး ဝူရှိကိုလက်သည်းနှင့်ကုတ်ဆွဲဖို့ကြိုးစားလိုကသည်။

ဝူရှိသည် လျှင်မြန်စွာနှင့် ဂါထာမန္တန်ကို ရွတ်ဆိုလိုက်ပြီး အကာအကွယ်ဖန်တီး၍ မကောင်းဆိုးဝါးဝိညာဉ်ကို ခုခံဖို့ကြိုးစားလိုက်သည်။ဒါပေမဲ့ မကောင်းဆိုးဝါးဝိညာဉ်သည် ဒီအကာအကွယ်မန္တန်ကို ကြောက်ရွံ့ခြင်းမရှိဘဲ ရှေ့တိုးပြီးတိုက်ခိုက်လိုက်တာကြောင့် အကာအကွယ်သည် အစိတ်စိတ်အမွှာမွှာကွဲကြေသွားသည်။

COTAW(unicode)Where stories live. Discover now