226-227

3.2K 626 14
                                    


Chapter(226)
နူမူနှင့်ထပ်ပြီးတွေ့ဆုံခြင်း(1)

ဝူရုန်က ကျင်းရှင်ရဲ့စိတ်စွမ်းအင်တွေကို စုပ်ယူနိုင်သလားဆိုတာ ကြိုးစားကြည့်ဖို့အတွက် ကျင်းရှင်ရဲ့အရိပ်နားကို တိုးကပ်သွားလိုက်တယ်။ဒါပေမဲ့ သူက ကျင်းရှင်ရဲအရိပ်နှင့်ထိတွေ့လိုက်ပေမဲ့ ဘာမှမဖြစ်လာဘူး။

"မင်းက ငါ့ရဲ့စိတ်စွမ်းအင်ကို စုပ်ယူမလို့လား?"ကျင်းရှင်က ဝူရုန်က ဘာလုပ်နေတာလဲဆိုတာ နားလည်သွားတော့ ချက်ချင်းဘဲ အဝေးကိုရွေ့လိုက်ပြီး ရှောင်ရှားလိုက်တယ်။

"ငါ အခြားလူတွေစီက စိတ်စွမ်းအင်ကို ဘယ်လောက်ကြာအောင် စုတ်ယူနိုင်သလဲဆိုတာ စမ်းသပ်ကြည့်တာ"ဝူရုန်က ရှင်းပြလိုက်တယ်။

ကံကောင်းစွာဘဲ ဒါကအချိန်သတ်မှတ်ချက်ရှိပါတယ်။မဟုတ်ရင် သူက ဒီပညာရပ်ကို မကျွမ်းကျင်ခင် အချိန်ထိ ဟေးရွမ်ရီနားကို ကပ်လို့ရမှာမဟုတ်ဘူး။ဒါပေမဲ့ ဘာကြောင့် ဒီစွမ်းရည်က အခြားသူတွေရဲ့စွမ်းရည်ကို သရုပ်ပြပြီးမှ သုံးလို့ရတာလဲ?

ဝူရုန်က သူ့အမေနှင့်ဒီအကြောင်းကို ဆွေးနွေးဖို့ဆန္ဒရှိပေမဲ့ သူမက ဘယ်စွမ်းရည်အကြောင်းကိုမှ ဘယ်သူ့ကိုမှမပြောပြပါဘူးလို့ ကျိန်ဆိုထားတာကြောင့် သူကဘာမှမတတ်နိုင်ပါဘူး။

ကျင်းရှင်က ဝူရုန်ကို ဝိုင်းပတ်၍ပျံသန်းလိုက်ပြီးပြောလိုက်တယ်"ဒါက ဘာစွမ်ရည်မျိုးလဲ?ဘာကြောင့် မင်းမှာဘာအရှိအဝါမှမရှိရတာလဲ?"

သီအိုရီအရဆိုရင် သူတို့ထဲက တစ်ယောက်က လူသားတွေလေ့ကျင့်တဲ့ ဖြောင့်မတ်မှန်ကန်တဲ့ စိတ်စွမ်းအင်ကိုလေ့ကျင့်ပြီး အခြားတစ်ယောက်က နတ်ဆိုးတွေလေ့ကျင့်တဲ့ မကောင်းတဲ့နည်းနှင့်စိတ်စွမ်းအင်တွေကို လေ့ကျင့်ထားတာကြောင့် သူတို့ရဲ့စိတ်စွမ်းအင်တွေက တစ်ယောက်နှင့်တစ်ယောက် လိုက်ဖက်ညီမှုမရှိပါဘူး။

ဝူရုန်ကတော့ နှစ်မျိုးလုံးကရောနှောသွားတာတောင် ဘာမှမဖြစ်ဘဲ အံ့သြစရာကောင်းစွာ ကောင်းကောင်းလက်ခံနိုင်ပါတယ်။

"ငါ့ကိုယုံကြည်စမ်းပါ။ငါကမင်းထက်တောင် ဒီအကြောင်းကိုပိုသိချင်သေးတယ်"ဝူရုန်ကလည်း ဒါကဘာကြောင့်လဲဆိုတာ အံ့သြပေမဲ့ သူကအများကြီးမတွေးချင်ပါဘူး။

COTAW(unicode)Where stories live. Discover now