Chapter(40+41)

5.7K 1K 11
                                    

Chapter(40)မှော်လက်နက်တွေလုပ်ဖို့ ပစ္စည်းက မလုံလောက်ဘူးလား?

ခန်းမထဲမှာရှိသည့် လူတိုင်း၏အကြည့်က ဝူရုန်ပေါ်ကို ကျရောက်လာတယ်။

ဝူချွင်ချင်က ဝူရုန်က မှားယွင်းစွာပြောမိမှာကို စိုးရိမ်နေတယ်။

ဝူရုန်က သူ့ကိုကြည့်နေသည့် လူတွေကို စိတ်လှုပ်ရှားစွာ ပြောလိုက်တယ်"ဒါက ထူးခြားသည့် စိတ်ကူးဘဲ"

ဝူချွင်ချင်က မျက်မှောင်ကြုတ်လိုက်တယ်။

ဝူချွင်ဂျင်က ပြုံးနေပေမဲ့ သူ့နှလုံးသားထဲမှာတော့ ရယ်မောနေပြီး ဝူရုန်ကို အရူးတစ်ယောက်လို မြင်နေတယ်။

ဝူချွင်ဂျင်၏အခြားညီအကိုတွေကလည်း အဓိပ္ပာယ်ပါပါပြုံးနေကြတယ်။

ဝူပုဖန်၏မျက်ခုံးတွေက မြင့်တက်သွားပြီး သူကပြုံးပြီးမေးလိုက်တယ်"ဒါဆို မင်းက ဘယ်လိုတွေးထားလဲ?"

"......"ဝူချွင်ချင်က အလွန်စိုးရမ်လျက်ရှိတယ်။တကယ်လို့ သူ့သားက သူ့အကိုကြီးပြောတာကို သဘောတူလိုက်ရင် ဟေးရွမ်ရီ၏လက်ဆောင်တွေကို ငှားပေးလိုက်ရမှာဖြစ်ပြီး သူတို့က ဒီမှော်လက်နက်တွေကို ပြန်ပေးမှာမဟုတ်ဘူး။

"သေချာတာပေါ့"ဝူရုန်က သူပြောတာကို နားမလည်လိုက်မှာ စိုးသလိုနှင့်ဆက်ပြောလိုက်တယ်"ကျွန်တော့အဖေနဲ့ကျွန်တော်က မှော်လက်နက်တွေ လုပ်နေတာ။ဒါပေမဲ့ အချို့ပစ္စည်းတွေက ပြသနာရှိနေတယ်။အခုဦးလေးရဲ့စိတ်ကူးကိုကြားရတာ သတင်းကောင်းဘဲ။ဦးလေးက ကျွန်တော်တို့ကို သံမဏိမီးကို ငှားနိုင်မလား?ပြီးတော့အခြားဦးလေးတွေကရော ကျွန်တော်တို့ကို သလင်းကျောက်ငှက်မွေးသံချပ်ကာ ဖြိုဖျက်ခြင်းသံ အရိုးမီးတောက်သံတို့ကို ငှားပေးနိုင်မလား?အဲဒါတွေကို ငှားပေးနိုင်မလား?ကျွန်တော့်အကိုကြီး လေ့ကျင့်ရေးကနေပြန်လာတဲ့အချန်မှာ သူက တူညီတဲ့ပစ္စည်းတွေကို ရှာပြီးပြန်ပေးမှာပါ"

ဒီပစ္စည်းတွေက အဖိုးထိုက်တန်သည့် ရတနာတွေဖြစ်ပြီး ညီအကိုလေးယောက်က နှစ်ပေါင်းများစွာ ကြာအောင် ရင်ဝယ်ပိုက်ထားတာဖြစ်တယ်။သူတို့က သူတို့ကိုယ်တိုင်မှော်လက်နက်တွေပြုလုပ်ရင်တောင် ဒီပစ္စည်းတွေကို အသုံးပြုဖို့ လိုလိုလားလားမရှိဘူး။

COTAW(unicode)Where stories live. Discover now