Chapter(103)

4.7K 989 3
                                    

Chapter(103)ဝူဇူလေ့ကျင့်ရေးခရီးထွက်ခြင်း

စူချင်ခြံဝင်းရှိခန်းမထဲမှာတော့ ဝူချွင်ချင်သည် ဝူဇူကို သူ့ရဲ့လေ့ကျင့်ရေးအတွေ့အကြုံအကြောင်းကို ပြောပြနေတယ်။ဂေါင်တုန်သည် ဝူဇူက ခရီးထွက်သည့်အချိန်မှ ပစ္စည်းများမကျန်ရလေအောင် ဝူဇူ၏အထုပ်အပိုးကို စစ်ဆေးပေးနေတယ်။တကယ်လို့ သူမကို သေချာကြည့်လိုက်မယ်ဆိုရင် သူမက မျက်ရည်တွေဝိုင်းနေတာကို တွေ့နိုင်တယ်။ဝူရှိသည် ဝူဇူကို ဖက်ပြီးငိုနေတယ်။

"အဖေ အမေ အကိုကြီး ရှိအာ ကျွန်တော်တို့ရောက်ပြီ"ဝူရုန်သည် ခန်းမထဲကို ဝင်လိုက်တာနှင့် အော်ပြောလိုက်တယ်။

"မင်းတို့ရောက်လာပြီ"

ဝူချွင်ချင်ကပြောလိုက်ပြီးနောက် သက်ပြင်းချလိုက်တယ်။တကယ်လို့ သူက သူ့ရဲ့ဒုတိယအကိုဝူချွင်လီနှင့် သူ့မိသားစုက ဝူဇူကို အန္တရာယ်ပေးမှာကို စိုးရိမ်စရာမလိုဘူးဆိုရင် သူက ဝူဇူကို မကောင်းဆိုးဝါးဆာလောင်ခြင်းပွဲတော်ပြီးပြီးချင်း လေ့ကျင့်ရေးခရီးကို ထွက်ခိုင်းမှာ မဟုတ်ဘူး။

ဝူရုန်သည် ရှိယန်ကို ဝူဇူအတွက် ရွေးချယ်ပေးထားသည့်မှော်လက်နက်တွေကို ပေးဖို့ပြောလိုက်တယ်။

"အကိုကြီး ဒါတွေအားလုံးက မှော်လက်နက်တွေဘဲ။ဒါတွေနဲ့ အကိုကြီးလုံခြုံရေးကို ဂရုစိုက်ပါ"

သနားစရာကောင်းတာက သူ့အကိုကြီးမှာ သူ့လို အရိပ်သိုလှောင်ရာနေရာမရှိတာဘဲ။မဟုတ်ရင် ဒါတွေကို အိတ်ထဲထည့်ပြီး ယူစရာလိုမှာ မဟုတ်ဘူး။

ဝူဇူသည် ဝူရုန်နားကို ကပ်လာပြီး ပခုံးကို ပုတ်လိုက်ပြီး တိုက်ရိုက်ပြောလိုက်တယ်။

"ကျေးဇူးပြုပြီး ငါတို့ရဲ့မိဘတွေနဲ့ ဒီမိသားစုကို ဂရုစိုက်ပါ"

ဝူရုန်က ခေါင်းငြိမ့်ပြီးပြောလိုက်တယ်"ကျွန်တော်ရှိနေတာဘဲ။အကိုကြီးက ကိုယ့်ကိုကိုယ်သာ ဂရုစိုက်ပါ။လူတွေကို အလွယ်တကူမယုံကြည်လိုက်နဲ့။သူတို့က ဝူမိသားစုကဆိုရင်တောင် မယုံကြည်ပါနဲ့'

ဝူယု၏အကြောင်းပေါ်သွားကတည်းက ဝူဇူသည် ဘယ်သူ့ကိုမှ အလွယ်တကူယုံကြည်တော့မှာ မဟုတ်ဘူး။

COTAW(unicode)Where stories live. Discover now