Chapter(88)

5.4K 1K 16
                                    

Chapter(88)ဟေးအိမ်တော်ကို အလည်လာခြင်း

ဝူချူမပါရင်တောင် ဝူချွင်ဂျင်တွင် သားသမီး(၄)ယောက်ရှိတယ်။အကြီးဆုံးသားက ဝူအန်းချွင်ဖြစ်ပြီး ဒုတိယသမီးက ဝူမင်ဖြစ်တယ်။တတိယသမီးကတော့ဝူယဖြစ်ပြီး အငယ်ဆုံးကတော့ ဝူဟိုဖြစ်တယ်။ဝူဟိုက အိမ်မကပ်တဲ့သူဖြစ်ပြီး သူကအမြဲတမ်း အခြားခြံဝင်းက ဝမ်းကွဲတွေနှင့်သွားလည်နေပြီးမှ သတ်မှတ်ထားတဲ့အချိန်မတိုင်ခင်အထိ ပြန်လာလေ့မရှိဘူး။

"မနေ့တုန်းက ဦးလေးချွင်ဂျင်နဲ့ဒေါ်လေးထန်းကျီကို တွေ့လိုက်တယ်"

ဝူယုက ဆက်ပြောလိုက်တယ်"သူတို့ကိုကြည့်ရတာတော့ မျက်ကွင်းတွေညိုနေတာဘဲ။ဦးလေးချွင်ဂျင်တို့က ဘိုးဘိုးကြီးစီမှာ မြောက်ဘက်ခြံဝင်းနဲ့စာရင်းရှင်းဖို့ကိုဘဲ အာရုံစိုက်နေကြတာ။အဆင်ပြေရဲ့လားတော့ မသိဘူး"

ဝူချွင်ချင်က သက်ပြင်းချလိုက်တယ်။

သူက သူ့အကိုကြီးအကြောင်းကို သေချာသိတယ်။သူ့အကိုကြီးက လုံးဝအလွယ်တကူ အလျော့ပေးမှာ မဟုတ်ဘူး။

"ယုအာ ဒီလောက်ဆိုရပြီ။ငါတို့ဘာသာသွားလိုက်တော့မယ်"ဝူချွင်ချင်က ဝူယုကို ပြောလိုက်တယ်။

"ဟုတ်ကဲ့..ဒါဆို ဦးလေး ဒေါ်လေး ဇူအာ ရုန်အာ ရှိအာ ကောင်းကောင်းသွားပါ"ဝူယုသည် ဝူရုန်တို့မိသားစုထွက်သွားတာကို ကြည့်လိုက်ပြီး လုံးဝမမြင်ရတော့တဲ့အချိန်မှ ပြောလိုက်တယ်။

"ဘာလို့ဝူဇူက အသက်ရှင်နေသေးတာလဲ?"

ဒါပေမဲ့ လုပ်ကြံသူတွေကို လွတ်လိုက်တာက သူ့အဖေလေ။ဒါကိုဘယ်လိုလုပ်ပြီးတော့ မသတ်နိုင်ရတာလဲ?ဖြစ်နိုင်တာက လုပ်ကြံသူတွေကို မွန်းစတားကြီးက စားလိုက်တာလား?

ဝူဇူက ကံကောင်းသွားတာဘဲ။မဟုတ်သေးဘူး။စူချင်ခြံဝင်းတစ်ခုလုံးက ကံကောင်းနေတာဘဲ။

သူ့အဖေနှင့်သူ့ဦးလေးတွေက စူချင်ခြံဝင်းကို ဟေးရွမ်ရီပို့ပေးခဲ့သည့်လက်ဆောင်တွေကို လှည့်စားပြီး ယူဖို့ကြိုးစားခဲ့ပေမဲ့  အဆုံးမှာတော့ ဝူရုန်ကဘဲ သူတို့တွေစီက တန်ဖိုးကြီးလက်ဆောင်တွေကို ငှားသွားခဲ့တယ်။

COTAW(unicode)Where stories live. Discover now