333-334

2K 378 11
                                    


Chapter(333)
မင်္ဂလာအခမ်းအနား(1)

"အကိုကြီး တကယ်ပြောနေတာလား?"ဟေးရွမ်ထန်က သူကြားလိုက်တာကို မယုံနိုင်ဘူး"အကိုကြီးက ဝူဝေ့ရွယ်ကို လက်ထပ်မယ်ဆိုတာ သေချာရဲ့လား?"

အခြားသူတွေကလည်း ဟေးရွမ်ရီက လကထပ်ဖို့ သဘောတူလိုကါတာကို မယုံကြည်နိုင်ဘူး။

"ရုန်အာကိုဘယ်လိုလုပ်မလဲ?မင်းသူ့ကို ဘယ်လိုလုပ်မလဲ?"ဟေးရွမ်ထန်က စိတ်လှုပ်ရှားစွာ မေးလိုက်တယ်။

ဝူရုန်က စကားတစ်လုံးမှဝင်မပြောဘဲ ခေါင်းငုံ့ထားတယ်။

ဝူချွင်ချင် ဂေါင်တုန် ဝူဇူနှင့်ဝူရှိက ဟေးရွမ်ရီသည် လက်ထပ်ပွဲနှင့်ပတ်သက်ပြီး ထိန်းချုပ်နိုင်တဲ့သူမဟုတ်တာကြောင့် သူတို့က သူ့ကို အပြစ်ရှာလို့ရမယ့်အခြေအနေမဟုတ်ဘူး။တကယ်လို့ ဧကရာဇ်ကြောင့်သာ မဟုတ်ဘူးဆိုရင် ဟေးရွမ်ရီက ဝူဝေ့ရွယ်ကို လက်ထပ်မှာ မဟုတ်ဘူး။

ကျင်းရှင်က အင်ပါယာအမိန့်တော်ကြေငြာတဲ့အချိန်မှာ ရှိမနေခဲ့ဘူး။ဒါ့ကြောင့် သူက နေ့လယ်မတိုင်ခင်အထိ ဘာဖြစ်ခဲ့တာလဲဆိုတာ မသိခဲ့ဘူး။

"ဟေးရွမ်ရီက ဝူဝေ့ရွယ်ကို လကမထပ်မှာလား?ဘာဖြစ်ကြတာလဲ?"သူက မေးလိုက်တယ်။

ဟေးရွမ်ထန်က အင်ပါယာအမိန့်တော်အကြောင်းကို ရှင်းပြလိုက်တယ်။

"ဒါက ရိုးရှင်းပါတယ်။အမိန့်တော်ကို ငြင်းဆန်လိုက်ပေါ့။တကယ်လို့ မင်းတို့က ဒီလိုလုပ်လိုက်လို့ ခေါင်းဖြတ်ခံရမှာကို ကြောက်တယ်ဆိုရင် မင်းတို့က ငါ့အိမ်ကို သွားနိုင်တယ်။ငါ့အိမ်မှာဆိုရင် မင်းတို့ကို တစ်ယောက်မှဟထိခိုက်အောင် မလုပ်နိုင်ဘဲ လုံခြုံမယ်ဆိုတာ ငါသေချာပြောနိုင်တယ်"ကျင်းရှင်က နှာမှုတ်လိုက်တယ်။

"ငါသိသလောက်ဆိုရင် မွန်းစတားကလန်မှာ ပုန်ကန်မှုတွေဖြစ်နေတာမဟုတ်လား?မင်းက ငါတို့ကလုံခြုံမယ်ဆိုတာ သေချာရဲ့လား?"ဝူရှိက ပြောလိုက်တယ်။

"......"ကျင်းရှင်

သူက ပုန်ကန်မှုဖြစ်နေတာကို မေ့သွားတာဘဲ။

ဥကလေးက သူတို့က ဘာအကြောင်းပြောနေတာလဲဆိုတာ နားလည်သွားပြီး သူက ဒေါသတကြီး အော်လိုက်တယ်"ဖေဖေ သားက မိထွေးမလိုချင်ဘူး။မိထွေးတွေက အများအားဖြင့် သားကို ချစ်မှာမဟုတ်ဘဲ။သားကို သတ်လိမ့်မယ်။သားက ပါးပါးကိုဘဲလိုချင်တယ်။သားက မိထွေးမလိုချင်ဘူး"

COTAW(unicode)Where stories live. Discover now