248-250

3.1K 594 14
                                    


Chapter(248)
သုံး-ခုနှစ်ကျောက်တုံး(1)

"အရှင်မင်းသား အခုချိန်မှာ အရှင်ကနောက်ထပ် ဂရန်းမစ္စတာ တစ်ယောက်ကို ရှာထားဖို့ ကြိုစားသင့်တယ်"ဟေးရန်က ပြောပြီးတာနှင့်ပျောက်ကွယ်သွားတယ်။

လင်းမိုဟန်က ထိတ်လန့်သွားပြီး စိတ်လှုပ်ရှားသွားတယ်။သူကနောက်ဆုံးမှာတော့ ဝူချန်ဇီကို ဂရန်းမစ္စတာဆိုတဲ့ နေရာကနေ ကန်ထုတ်နိုင်တော့မယ်။ဒါပေမဲ့ သူက အစီအစဉ်ကောင်းကောင်းချဖို့တော့လိုတယ်။ဘာဘဲဖြစ်ဖြစ် ဝူချန်ဇီက ဂရန်းမစ္စတာဆိုတဲ့ နေရာကို ဆယ်နှစ်ကျော်အောင် နေရာရထားတာကြောင့် သူက သေချာလုပ်ဖို့တော့တယ်။ဒီအချိန်မှာလဲ အလွယ်တကူတော့ ကန်ထုတ်လို့ရမှာ မဟုတ်ဘူး။

ဝူရုန်ရဲ့ အကူအညီကြောင့် လင်းမိုဟန်က ကုသရေးမှာ အကောင်းဆုံးလုပ်နိုင်ခဲ့တယ်။ငါးရက်အတွင်းမှာဘဲ လုချန်မြို့နဲ့ အနီးအနားက မြို့တွေက ရောဂါတွေကို ထိန်းချုပ်သွားနိုင်ခဲ့တယ်။

အိမ်ရှေ့စံမင်းသားရဲ ခရီးသွားလှည့်လည်ပြီး အလှူဒါနပြုမှု ဆေးကုသပေးမှုတွေက မကြာခင်မှာဘဲ မြို့တော်ထိတိုင်အောင် သတင်းပြန့်လာခဲ့တယ်။ရုံးတော်က အရာရှိတွေကလည်း သူ့ရဲအပြုအမူတွေကို လေးစားချီးမွန်းလာကြတယ်။အင်ပါယာအရှင်မင်းကြီးကလည်း အိမ်ရှေ့စံရဲ့ အောင်မြင်မှုကို အလွန်ဝမ်းမြှောက် ဂုဏ်ယူတယ်။သူက အိမ်ရှေ့စံမင်းသားပြန်ရောက်လာတဲ့အခါ အမြင့်ဆုံးဆုချီးမြှင့်မယ်လို့တောင် ကတိပေးခဲ့တယ်။ဒါကို ကြားတော့ ဒုတိယမင်းသားနဲ့ ဝူချန်ဇီက ဒေါသအရမ်းထွက်ပေမဲ့ သူတို့က အင်ပါယာအရှင်မင်းမြတ်က သူတို့ကိုစိတ်ဆိုးလာမှာစိုးတာကြောင့် သူတို့ရဲ့ဒေါသကို ထုတ်မပြနိုင်ဘူး။အခုချိန်မှာ သူတို့ရဲ့ဂုဏ်သတင်းက မြို့တော်ထဲမှာ နိမ့်ကျသွားခဲ့တယ်။တကယ်လို့သာ အင်ပါယာအရှင်မင်းမြတ်က သူတို့ကို ရုံးတော်အရာရှိတွေရှိမှာ ဆူပူခဲ့မယ်ဆိုရင် သူတို့က အရှက်ရပါလိမ့်မယ်။

---

တစ်နိုင်ငံလုံးက ရောဂါကုသဖို့ အလှုပ်များနေတဲ့ အချိန်မှာတော့ ဟေးအိမ်တော်က အရမ်းကို ငြိမ်းချမ်းနေတယ်။ရောဂါတွေ ကူးစက်ခံရမှုမရှိဖို့ရန် သူတို့က အိမ်တော်ထဲမှာသာ နေထိုင်တယ်။

COTAW(unicode)Where stories live. Discover now