Chapter(21+22)

6.1K 1K 6
                                    

Chapter(21)ပိုမပြောနဲ့

"အမေ ဒီအကြောင်းကို မသိဘူး"ဂေါင်တုန်က ဝန်ခံလိုက်တယ်"မင်းရဲ့စိတ်စွမ်းအင်တွေက ချိတ်ပိတ်ခံထားရတာလား?မင်းအခု စိတ်စွမ်းအင်တွေ တကယ်ရှိနေပြီလား?"

"ဒီချိတ်စည်းကို ချိုးဖြတ်နိုင်ပြီလား?"

ဝူရုန်က ခေါင်းငြိမ့်လိုက်ပြီး"ကျွန်တော် အသက်ရှည်အချပ်ပြားကို ချိုးလိုက်ပြီး စိတ်စွမ်းအင်ချိတ်စည်းကို ချိုးဖြတ်လိုက်တာ"

"ဒါဆို မင်းအခု ကျင့်ကြံနိုင်ပြီလို့ပြောတာလား?"သူမက ဝူရုန်လက်ကို စိတ်လှုပ်ရှားစွာကိုင်ပြီး ရှိုက်ငို၍ပြောလိုက်တယ်"ကောင်းတယ် သားအခုတော့ ကျင့်ကြံနိုင်တော့မယ်"

သူမက သူမသားငယ်က မကျင့်ကြံနိုင်တော့တာကြောင့် ဝမ်းနည်းခဲ့ရသည်။သူမသားငယ်က ပိုပိုပြီးဝလာသည့်အခါ လူတွေ၏ ရယ်မောလှောင်ပြောင်ခြင်းခံရတိုင်း သူ့ကို ဒီလိုခန္ဓာကိုယ်ကို ပေးခဲ့သည့်အတွက် သူမကိုယ်သူမ အပြစ်တင်ခဲ့သည်။

အခုချိန်ထိ မကြာခဏအိမ်မက်ထဲမှာ သူမသားငယ်က ဘာကြောင့် သူ့မှာ စိတ်စွမ်းအားတွေမရှိတာလဲဟု ငိုပြီးမေးနေခဲ့တယ်။ဒီအိမ်မက်ကနေ သူမနိုးလာသည့်အခါတိုင်း သူမနှလုံးသားက နာကျင်ခဲ့ရသည်။

ဝူရုန်က သူ၏အမေသည် သူ့ကြောင့် ညကျရင် ကောင်းကော်းမအိပ်နိုင်ဘူးဆိုတာ သိတယ်။ဝူရုန်က သူမရဲ့မျက်ရည်တွေကို သုတ်ပေးလိုက်ပြီး"ကျွန်တော်က အကိုကြီးလိုဘဲ ကျင့်ကြံနိုင်ပြီ။ဒါ့ကြောင့် ကျွန်တော့်ကို မစိုးရိမ်ပါနဲ့။ပြီးတော့ ကျွန်တော်က လျှို့ဝှက်စွမ်းရည်ခုနှစ်မျိုးကို ရထားသေးတယ်"

သူမက ဝူရုန်ကို ကြည့်၍"မင်းပြောတာ လျှို့ဝှက်စွမ်းရည်လား?"

"ဟုတ်တယ်။ကျွန်တော်က လျှို့ဝှက်စွမ်းရည်ခုနှစ်မျိုးကို ရရှိခဲ့ပြီး အဲဒါတွေက အရိပ်...."

"ပိုမပြောနဲ့"သူမက ဝူရုန်၏ပါးစပ်ကို ပိတ်ထားလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။တံခါးကိုကျယ်ကျယ်ဖွင့်ထားတာကို တွေ့လိုက်ရတာကြောင့် သူမက အပြင်မှာ ဘယ်သူမှမရှိတာသေချာအောင် စစ်ဆေးလိုက်ပြီးနောက် တံခါးကို ပိတ်လိုက်တယ်။

COTAW(unicode)Where stories live. Discover now