Chapter(174+175)

3.8K 767 7
                                    


Ch(174+175)
Chapter(174)
ကိုယ်မင်းကိုမလိမ်ချင်ဘူး(1)

"ခင်ဗျားက ကိုယ့်ကိုကိုယ်အထင်ကြီးနေတာဘဲ"

အရင်ဘဝတုန်းက သူက တကယ်ကိုဘဲ ဟေးရွမ်ရီကို ပထမဆုံးမြင်တဲ့အချိန်တုန်းက သဘောကျခဲ့တယ်။ဒါပေမဲ့သူက ဘယ်တော့ကမှ ဟေးရွမ်ရီရဲ့ချောမောတဲ့ရုပ်ရည်ကြောင့် သူ့သဘောထားကို မပြောင်းလဲခဲ့ဘူး။

ဒါပေမဲ့ သူကလွှဲလို့ တခြားသူတွေက သူ့ကိုနှစ်သက်ကြမှာ အမှန်ဖြစ်တယ်။ဒါပေမဲ့လည်း ဒါက အရင်ဘဝတုန်းက ဖြစ်ပျက်ခဲ့တာတွေသာဖြစ်တယ်။တစ်ယောက်ကမှ ဒါကို ယုံကြည်နိုင်မှာမဟုတ်ဘူး။အများအားဖြင့် ဟေးရွမ်ရီရဲ့ဆွဲဆောင်မှုကနေ လွတ်မြှောက်ဖို့မဖြစ်နိုင်ဘူး။

ဟေးရွမ်ရီက နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ဝူရုန်ကို စိုက်ကြည့်လိုက်တယ်။

ဝူရုန်က ဟန်လုပ်ချောင်းဟန့်ပြီးပြောလိုက်တယ်"ကောင်းပြီ...ကျွန်တော် ခင်ဗျားရဲ့လုပ်ရပ်ကို နားလည်ပေးနိုင်တယ်။ဒါပေမဲ့ ခင်ဗျား ဝူဝေ့ရွယ်ကို လက်မထပ်ချင်ဘူးဆိုရင်တောင် ခင်ဗျား ကျွန်တော့်ထက်ပိုသင့်တော်တဲ့တစ်ယောက်ကို ရွေးချယ်လို့ရတယ်လေ။ဒါပေမဲ့ ဘာကြောင့် ကျွန်တော့်ကို လက်ထပ်ရတာလဲ?အရင်တုန်းက ကျွန်တော်က အရမ်းဝနေတာတောင်မှလေ"

နောက်ဆုံးမှာတော့ သူက ဒီမေးခွန်းကိုမေးဖို့ အခွင့်အရေးရလာပြီ။

"ကိုယ် မင်းကိုမလိမ်ချင်ဘူး။ဒါကြောင့် ကိုယ် အိမ်ပြန်ရောက်ပြီးတစ်ချိန်ကျရင်တော့ ကိုယ်မင်းကိုပြောပြမှာပါ"ဟေးရွမ်ရီကပြောလိုက်တယ်။

သူက အမှန်တရားရဲ့တစ်စိတ်တစ်ပိုင်းကို ပြောလိုက်ရင် ဝူရုန်ကယုံကြည်မှာမဟုတ်ဘဲ သူကလည်းအရာအားလုံးကို ပြောပြဖို့မဖြစ်နိုင်သေးဘူး။

ဝူရုန်က ခေါင်းငုံ့လိုက်တယ်။

ဒါဆိုဟေးရွမ်ရီက သူ့ကို လက်ထပ်ခဲ့တာက တစ်ချို့သောရည်ရွယ်ချက်တွေရှိနေတာလား?

တစ်ချိန်ထဲမှာ သူကောက်ချက်ချမိတာက ဘာကြောင့် အခုသူက စိတ်မသက်မသာဖြစ်သလို ခံစားရတာလဲ?

COTAW(unicode)Όπου ζουν οι ιστορίες. Ανακάλυψε τώρα