350-351

2K 368 1
                                    

Unicode
350-351

Chapter(350)
သဲလွန်စတွေကိုဖျက်စီးပစ်(1)

"ရွမ်ရီ ရွမ်ရီ"ဝူရုန်က သတိလစ်နေရင်း ဟေးရွမ်ရီ၏အမည်ကို ယောင်ပြီး ခေါ်နေတယ်။

"ရုန်အာ ကိုယ်ရှိတယ်။နိုးလာတော့"ဟေးရွမ်ရီက ဝူရုန်ရဲ့လက်ကို ဆုတ်ကိုင်ထားတယ်။

ဝူရုန်၏အိမ်မက်ထဲမှာတော့ ဝိညာဉ်မုဆိုးက ဟေးရွမ်ရီ၏နှလုံးကို ဖောက်ထုတ်သွားခဲ့တယ်။ရုတ်တရက် သူက ကြောက်စရာကောင်းတဲ့ အိမ်မက်ကနေ လန့်နိုးလာတယ်။သူနိုးလာတော့ လူတိုင်းက သူ့ကို စိုးရိမ်စွာ ကြည့်နေတာကြောင့် စိတ်ရှုပ်သွားပြီး"ကျွန်တော်..."

သူက ဘာမှားနေလို့လဲ?

ခဏလောက်ကြာမှ သူက ဝိညာဉ်မုဆိုးက သူ့ဝိညာဉ်ကို ထုတ်ယူသွားတာကို သတိရသွားတယ်။

သူက ထထိုင်လိုက်ပြီး ဟေးရွမ်ရီ၏လက်ကို ဆုတ်ကိုင်ပြီး မေးလိုက်တယ်"ရွမ်ရီ ခင်ဗျားအဆင်ပြေရဲ့လား?"

ဟေးရွမ်ရီက သူ့ကိုဆုံးရှုံးသွားမှာ ကြောက်လန့်စွာ ဝူရုန်ကို တင်းကျပ်စွာ ဖက်ထားလိုက်ပြီး ပြောလိုက်တယ်"ကိုယ်အဆင်ပြေတယ်။မင်းရော ဘယ်လိုနေသေးလဲ?နေလို့မကောင်းသလိုခံစားရသေးလား?"

"ဟင့်အင်း"ဝူရုန်က သူ့ဝိညာဉ်ကို သတိရသွားပြီး ဟေးရွမ်ရီကို လွတ်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို စစ်ဆေးလိုက်ပြီး"ဒီတော့ သူတို့က ကျွန်တော့်ဝိညာဉ်ကို မခေါ်သွားဘူးပေါ့"

ဟေးရှင်းက ဝူရုန် သတိပြန်ရလာတာကြောင့် စိတ်သက်သာရာရသွားပြီး"သူတို့ပြောတာတော့ ကြင်ယာတော်ရဲ့သက်တမ်းက မကုန်သေးဘူးလို့ပြောတယ်။ဒါ့ကြောင့် သူတို့က ကြင်ယာတော်ရဲ့ဝိညာဉ်ကိုဟပြန်လွတ်ပေးခဲ့တယ်"

"သူတို့က ဘာလို့ကြုံရာလူတစ်ယောက်ရဲ့ ဝိညာဉ်ကို ယူနိုင်ရတာလဲ?"ဝူရှိက ဒေါသတကြီး ပြောလိုက်တယ်။

"သူတို့ကို တစ်စုံတစ်ယောက်က ငှားရမ်းခဲ့တယ်"ဟေးရွမ်ရီက အေးစက်စွာ ပြောလိုက်တယ်။

"ဝိညာဉ်မုဆိုးကိုငှားရမ်းနိုင်တယ်သူက အဆင့်မြင့် စွမ်းအားကြီးကျင့်ကြံသူဖြစ်လိမ့်မယ်"ဝူချွင်ချင်က ပြောလိုက်တယ်။

COTAW(unicode)Where stories live. Discover now