Chapter(66)ကလေးကကြီးတာအရမ်းမြန်တယ်

6K 1K 5
                                    

Chapter(66)ကလေးကကြီးတာအရမ်းမြန်တယ်


"ဒါ ဘယ်သူ့ကလေးလဲ?"ဝူရုန်သည် ကလေးကို ကြည့်ပြီး မေးလိုက်တယ်။သူက ကလေးလေးကို ကြည့်လိုက်တော့ အံ့ဩသွားတယ်။

ဒီကလေးက သူ့သားနဲ့အရမ်းတူနေတယ်။

"ကြင်ယာတော် သူက သခင်ငယ်လေးပါ"ဟေးရှင်းက စိုးရိမ်စွာ ပြောလိုက်တယ်။

"သူက မနေ့တုန်းကမှ မွေးတာလေ။ဘယ်လိုလုပ်ပြီး ဒီလောက်တောင်ကြီးသွားရတာလဲ?"ဝူရုန်က အံ့အားသင့်စွာမေးလိုက်တယ်။

"ကျွန်တော်လည်းမသိဘူး။ဒီမနက်နိုးလာတော့ ဒီလိုမျိုး ကြီးလာတယ်"ဟေးရှင်းက စိုးရိမ်စွာပြောလိုက်တယ်။

အဲဒီအချိန်မှာဘဲ နူမူသည် အိပ်ချင်မူးတူးနဲ့ ရောက်လာပြီး သန်းဝေရင်း မေးလိုက်တယ်"မနက်အစောကြီး ငါ့ကို ဘာလို့လာနိုးတာလဲ?"

"ဆာ ကလေးကိုကြည့်ပေးအုန်း"ဟေးရှင်းက ပြောလိုက်တယ်။

"ကလေးက ဘာဖြစ်လို့လဲ?"

"ကလေးက တစ်ညထဲနဲ့အရမ်းကြီးလာတဘ်"ဟေးရှင်းက ဟေးရွမ်ရီ လက်ထဲက ကလေးကို ညွှန်ပြရင်းပြောလိုက်တယ်။

နူမူသည် ကလေးက နှစ်နှစ်သားအရွယ်လောက်ကြီးလာတာကို ကြည့်ပြီး မျက်လုံးပျူးသွားပြီး ပြောလိုက်တယ်"သူက မနေ့တုန်းကမှ မွေးလာတာလေ။ဘာလို့ ဒီလောက်ကြီးလာတာလဲ?"

COTAW(unicode)Where stories live. Discover now