Chapter(168+169+170)

4.3K 750 10
                                    


Chapter(168)
မကောင်းဆိုးဝါးတွေလာနေပြီ(3)

"မကောင်းဆိုးတွေက ကျင့်ကြံသူတွေထက်စွမ်းအားကြီးနေတယ်"အဲဒီလူက သက်ပြင်းချပြီးဆက်ပြောလိုက်တယ်"မြို့ထဲမှာ လူသုံးသိန်းကျော်ရှိခဲ့တယ်။အခုတော့သွားပြီ။ငါမွေးလာကတည်းက နှစ်ပေါင်းများစွာကြာအောင် ထောင်ချီတဲ့မကောင်းဆိုးဝါးတွေက မကောင်းဆိုးဝါးပွဲတော်နေ့ဇူလိုင်လ၁၄ရက်နေ့မှာဘဲထွက်ပေါ်လာတာကိုကြားဖူးတယ်။ဒါပေမဲ့ ငါဘယ်တော့ကမှ သိန်းချီတဲ့မကောင်းဆိုးဝါးတွေက မြို့တစ်မြို့ကိုသွားပြီး သားသတ်ရုံလိုသတ်သွားတာကိုမကြားဖူးဘူး"

ဝူချွင်ချင်က ဝမ်းနည်းစွာနှင့်ဘဲ သက်ပြင်းချလိုက်တယ်။

"ရှင်ပြန်ပြီးတော့ သွားကြည့်ချင်လား?လူတစ်ယောက်က မကောင်းဆိုးဝါးတွေကို ပြန်သွားဖို့ဆင့်ခေါ်ပြီးသွားပြီ။အခုအဲဒီနေရာမှာ လုံခြုံနေလောက်ပြီ"ဂေါင်တုန်က အသံတိုးတိုးနှင့်ပြောလိုက်တယ်။

ဝူချွင်ချင်က တစ်ခဏလောက်တွေးပြီးသည့်နောက်မှာတော့ သူခေါင်းခါလိုက်တယ်။

အခုချိန်မှာ သူပြန်သွားရင်တောင် အလကားဘဲ။သူက ဝူရုန်ရဲ့စကားအတိုင်း သူတို့တစ်မိသားစုလုံးကိုအင်ပါယာမြို့တော်ကို ပြောင်းရွှေ့ဖို့ထွက်လာခဲ့တာက ကံကောင်းတယ်လို့ခံစားရတယ်။မဟုတ်ရင် သူ့ဇနီးနှင့်သူ့သမီးက အခုချိန်လောက်ဆိုရင် သတ်ခံရလောက်ပြီ။

"ဆ သခင်မ မင်းတို့ရဲ့အခန်းက အဆင့်သင့်ဖြစ်ပြီ"ဟေးဂန်းကလာပြီးတော့ပြောလိုက်တယ်။

ဝူချွင်ချင်က ခေါင်းငြိမ့်လိုက်တယ်။ပြီးတော့ သူဟေးရွမ်ရီနှင့်ဟေးရွမ်ထန်က ဒီနေရာမှာမရှိတာကိုတွေ့လိုက်ရတာကြောင့် မေးလိုက်တယ်"ရွမ်ရီနဲ့ရွမ်ထန်ကဘယ်နေရာမှာလဲ?"

"သူတို့က မင်းတို့ရောက်တဲ့အချိန်ကျရင် အဆင်သင့်ဖြစ်အောက်လို့ အင်ပါယာမြို့တော်ကိုအရင်သွားနှင့်တယ်"ဟေးဂန်က လိမ်ပြောလိုက်တယ်။

ဝူချွင်ချင်က သံသယဖြစ်သွားပေမဲ့ သူကအများကြီးမတွေးဘဲပြောလိုက်တယ်"မင်းတို့ရဲ့စီစဉ်ပေးမှုအတွက်ကျေးဇူးတင်ပါတယ်"

COTAW(unicode)Where stories live. Discover now