Chapter(19+20)

6.9K 1K 9
                                    

Chapter(19)ဟေးရွမ်ရီမြို့ပြင်ထွက်သွားတယ်(၁)

ဟေးရွမ်ရီပြန်ရောက်လာသည့်အချိန်မှာတော့ ဝူရုန်က အိပ်ပျော်သွားပြီဖြစ်တယ်။

သူက အိပ်ရာပေါ်မှာလဲလျောင်းလိုက်ပြီး ဝူရုန်၏ဗိုက်ကို ပွတ်ပေး၍ စိတ်စွမ်းအင်တွေကို ခန္ဓာကိုယ်ထဲပို့လွက်လိုက်တယ်။

ဝူရုန်ရဲ့အာရုံက ဟေးရွမ်ရီဆိုတာ သိနေပေမဲ့ သူက ပြီးခဲ့သည့်ညက အိပ်ရေးပျက်ထားတာကြောင့် မနိုးလာဘူး။

နောက်တစ်နေ့ ဝူရုန်နိုးလာသည့်အခါမှာတော့ သူ့ဘေးမှာ ဘယ်သူ့မှမရှိပါဘူး။အိပ်ရာခင်းတောင် အေးနေပါပြီ။သူက ခေါင်းအုံးပေါ်မှာ အနက်ရောင်ငွေလက်ကောက်နှစ်ကွင်းကို တွေ့လိုက်ရတယ်။

ဝူရုန်က စပ်စုချင်တာကြောင့် ၄◌င်းကို ကောက်ယူလိုက်ပြီး လေ့လာလိုက်သည့်အခါ လက်ကောက်၏မျက်နှာပြင်မှာ ရှေးခတ်သင်ကေတတွေရှိနေတာကို တွေ့လိုက်ရတယ်။သူက ထပ်ပြီးလေ့လာလိုက်တော့ ဒီလက်ကောက်တွေက စိတ်စွမ်းအင်တွေကို ဖုန်းကွယ်ပေးနိုင်တယ်ဆိုတာ တွေ့ရလိုက်တယ်။

ဒီလက်ကောက်တွေက သူ့အတွက်လက်ဆောင်တွေဖြစ်နိုင်တယ်။သူသာ ဝတ်ဆင်လိုက်ရင် သူ့ဘိုးဘိုးကြီးဝူပုဖန်တောင်မှ သူ၏စိတ်စွမ်းအင်တွေကို အာရုံမခံနိုင်ဘူး။

ဒါပေမဲ့ ဝူရုန်က လက်ကောက်တွေကို မဝတ်ဆင်ခင် တုံ့ဆိုင်းနေတယ်။အရင်ဆုံး ဟေးရွမ်ရီကိုမေးလိုက်မယ်။လက်ကောက်နှစ်ခုလုံးကို ဝတ်ဆင်တာက သူ့ကိုရှက်ကိုးရှက်ကန်းဖြစ်စေပြီး မှားယွင်းနေတယ်ဟု ခံစားရစေတယ်။

COTAW(unicode)Kde žijí příběhy. Začni objevovat