233-235

3.1K 570 19
                                    


Chapter(233)
ကလန်လေးခုပွဲတော်(5)

ဝူရုန်က ဥကလေးရဲ့ဝမ်းနည်းနေတဲ့မျက်နှာကို မြင်လိုက်ရတာကြောင့် သူကအပြစ်ရှိသလိုခံစားရပြီး"ပါးပါးတို့က စားစရာတွေကို ဝယ်လို့မရပေမဲ့ အရုပ်တွေကိုဝယ်လို့ရတယ်လေ"

ဥကလေးရဲမျက်ဝန်းတွေက တစ်ဖန်ပြန်ပြီးတောက်ပလာတယ်။

ဟေးရင်းက "အရုပ်တွေကို လူသားတွေရဲ့အရိုးတွေနှင့်လုပ်ထားတယ်"

"....."ဝူရုန်

ဒီနေရာမှာ ပျော်စရာကောင်းတာရော ရှိရဲ့လား?

ဟေးရွမ်ရီက ကြီးမားတဲ့တည်းခိုခန်းတစ်ခုကို လက်ညှိုးထိုးပြလိုက်ပြီး အခြားလူတွေကို ပြောလိုက်တယ်"ရုန်အာနဲ့ ကျုပ်က တစ်နေရာကို သွားမယ်။နေ့လယ်စာ စားချိန်မှာ ကျုပ်တို့ အဲဒီနေရာမှာ ပြန်ဆုံမယ်"

"မင်းနောက်ဆုံးတော့ ငါတို့ကို ချန်ထားပြီး မင်းမိန်းမနဲ့နှစ်ယောက်တည်း သွားတော့မယ်ပေါ့"ဟေးရွမ်ထန်ကကျီစားလိုက်တယ်။

နူမူက"ငါက ဒီနားမှာ လျှောက်သွားပြီး တစ်ချို့ပစ္စည်းတွေကို သွားဝယ်အုံးမယ်"

"ဒါဆိုရင် ငါတို့ နေ့လယ်စာစားချိန်မှ ဒီတည်းခိုခန်းမှာပြန်ဆုံရအောင်"ဝူချွင်ချင်က ခေါင်းငြိမ့်လိုက်တယ်။

ဟေးရွမ်ရီက ဝူရုန်ကို ဆွဲခေါ်ပြီး လမ်းမကြီးကို ဖြတ်ပြီး သွားလိုက်တယ်။

ဝူဝေ့ရွယ်က သူတို့နှစ်ယောက် လက်ချင်းတွဲထားတာကိုကြည့်ပြီး မနာလိုဖြစ်သွားတယ်။သူမကဇီထောင်ကို အသံတိုးတိုးနှင့်ပြောလိုက်တယ်"သူတို့ကို သီးခြားစီဖြစ်အောင် ကြိုးစားကြည့်"

"မိန်းကလေးဝူ မင်းက မင်းရဲ့မိန်းမစေကို မကောင်းတာလုပ်ဖို့ပြောနေတာလား?ဟုတ်တယ်မလား?"လူတစ်ယောက်က ပြောလိုက်တယ်။

ဝူဝေ့ရွယ်က လှည့်ကြည့်လိုက်တော့ လင်းကျီရှန်းကိုတွေ့လိုက်ရတယ်။သူမက ပြင်းထန်စွာပြောလိုက်တယ်"လင်းကျီရှန်း  ငါဘာလုပ်သင့်တယ်ဆိုတာ မင်းပြောဖို့မလိုအပ်ဘူး။ပြီးတော့ ငါ့နောက်ကို ဆက်ပြီး နောက်ယောင်ခံ လိုက်မနေနဲ့။မဟုတ်ရင် မင်း ငါ့ကိုထိခိုက်အောင် လုပ်ချင်လို့လို့ ငါယူဆမှာဘဲ။ဒီလိုဆိုရင် ငါကငါ့ကိုယ်ငါ ကာကွယ်ဖို့ မင်းကိုနာကျင်အောင်လုပ်မှ ငါ့ကိုအပြစ်မတင်နဲ့"

COTAW(unicode)Where stories live. Discover now