Chapter(236)
ကလန်လေးခုပွဲတော်(8)သူမက ဟေးရွမ်ရီရှေ့တွင် အကောင်းဆုံးအပြုအမူကို ဖော်ပြဖို့အတွက် ဝူဝေ့ရွယ်က အလှဆုံးပြုံးပြီး ဝူရုန်နှင့်ဟေးရွမ်ရီနားကို ချဉ်းကပ်လာပြီး "ရွမ်ရီ ရုန်အာ မင်းတို့က မကောင်းဆိုးဝါးတွေနဲ့ယှဉ်ပြိုင်တိုက်ခိုက်မလို့လား?"
ဟေးရွမ်ရီက ဝူရုန်လက်ကို ကိုင်လိုက်ပြီးပြောလိုက်တယ်"ရုန်အာ နေ့လယ်စာ သွားစားစို့"
"အွင်း"ဝူရုန်က ဝူအိမ်တော်ကိုသွားတုန်းက ဘာဖြစ်ခဲ့တယ်ဆိုတာ ရှင်းရှင်း လင်းလင်းမှတ်မိနေတုန်းဘဲ။ဒါကြောင့်သူက ဝူဝေ့ရွယ်နဲ့ ဘာမှပြောစရာအကြောင်းမရှိဘူး။
ဝူဝေ့ရွယ်က နေရာမှာဘဲအေးခဲသွားတယ်။သူမကဒေါသထွက်လွန်းတာကြောင့် သူမရဲ့စိတ်စွမ်းအင်တွေ ထွက်ပေါ်လာတယ်။
ဇီထောင်က သတိပေးလိုက်တယ်"သခင်မ"
ဝူဝေ့ရွယ်က သူ့ကိုခက်ထန်စွာစိုက်ကြည့်လိုက်ပြီး ဝူရုန်တို့နောက်ကို လိုက်သွားလိုက်တယ်။
အဓိက လမ်းမကြီးမှာ ပျားပမ်းခတ်လှုပ်ရှားသွားလာနေသူတွေရှိနေပြီး ရှုပ်ရှပ်ခတ်နေတယ်။
ထောင်ချီတဲ့ မကောင်းဆိုးဝါးတွေက သူတို့ဘက်ကိုဦးတည်နေပြီး ရန်လိုစွာလာနေကြတယ်။
ဝူရုန်က သူတို့ရဲ့မျက်လုံးတွေက သူနှင့်ဟေးရွမ်ရီကိုဘဲ စိုက်ကြည့်နေတာကြောင့် တစ်ခုခုမှားနေမှန်းသိလိုက်တယ်။
ဟေးရွမ်ရီက မကောင်းဆိုးဝါးတွေကို စိုက်ကြည့်လိုက်ပြီး ဝူရုန်ကို သူ့လက်မောင်းထဲဆွဲသွင်းလိုက်တယ်။
ဝူဝေ့ရွယ်နှင့်ဇီထောင်က သူတို့နောက်ကလျှောက်လာရင်း နှစ်ယောင်သားအကြည့်ချင်းဆုံပြီးပြုံးလိုက်တယ်။
မကောင်းဆိုးဝါးတွေက ဝူရုန်တို့နှင့်မီတာအနည်းငယ်လောက် အကွာကို ရောက်တဲ့အချိန်မှာတော့ တရှိန်ထိုးပြေးလာကြတယ်။
ဟေးရွမ်ရီက ဝူရုန်ကို သူ့လက်မောင်းထဲမှာ ဆွဲသွင်း၍ဖက်ထားလိုက်ပြီး ခြေလှမ်းအနည်းငယ် ရှေ့တက်၍ ဝူဝေ့ရွယ်နှင့်နီးလာတဲ့အချိန်မှာတော့ ဝူဝေ့ရွယ်ရဲ့လှပတဲ့မျက်နှာကို ခုန်၍နင်းလိုက်ပြီး ခေါင်မိုးပေါ်ကို ခုန်တက်သွားပြီး လျှင်မြန်စွာ ထွက်သွားလိုက်တယ်။