Chapter(62)
ဝူဇူနှင့်ဝူရှိသည် အိမ်ပြန်လာသည့်အခါ သူတို့က သူ့ဦးလေးတွေလုပ်ခဲ့သည့်အကြောင်းကို ကြားပြီးထိန့်လန့်သွားတယ်။သူတို့ဦးလေးတွေက သူတို့မိသားစုကို ဒီလိုမျိုးလုပ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။သူတို့က အလွန်စိတ်ဆိုးဒေါသထွက်ပေမဲ့ သူတို့က အငယ်တွေသာဖြစ်လို့ သူတို့ဦးလေးတွေကို ဘာမှပြန်ပြောလို့မရဘူး။ဒါ့ကြောင့်သူတို့က ဒေါသတွေကိုမျိုသပ်ပြီး ဝူရုန်ကို မှော်လက်နက်တွေလုပ်ဖို့ ပစ္စည်းအမျိုးအစားတွေကို ခွဲသည့်နေရာမှာသာ ကူညီပေးနေကြတယ်။ဝူရုန်က ညစာစားပြီးနောက် လူတွေအားလုံး၏ အကြည့်အောက်မှာဘဲ မှော်လက်နက်တွေပြုလုပ်ဖို့ ပစ္စည်းတွေတင်ထားသည့်လှည်းဆယ့်သုံးစီးနှင့်အတူ တောင်ဘက်ခြံဝင်းမှ ဟေးအိမ်တော်ကိုပြန်လာခဲ့သည်။
ရထားလုံးထဲမှာတော့ ပိုင်ရှင်ယုသည် ဗိုက်ဆာလွန်းတာကြောင့် ရှိယန် သူ့ကို ပေးထားသည့် ဘန်းမုန့်တွေကို အဆက်မပြတ်သွပ်ထည့်စားသောက်နေတယ်။ပိုင်ရှင်ယုက စားသောက်ပြီးသွားသည့်အချိန်တွင် ဝူရုန်ဘက်ကို လှည့်ပြီးမေးလိုက်တယ်။
"သခင် ကျွန်တော်ပြောစရာရှိတယ်။အခု ကျွန်တော့်ရဲ့စာချုပ်ကို ဖျက်ပေးပါလား?"
ဝူရုန်က ဒါကိုကြားတော့ ပြုံးပြီးပြောလိုက်တယ်"ငါ့စာချုပ်က ဖျက်လို့မရဘူး။ဒါက အမြဲတမ်းရှိနေလိမ့်မယ်"
"ဘာ"ပိုင်ရှင်ယုသည် ဒေါသထွက်လာပေမဲ့ သူက တတ်နိုင်တာ ဘာမှမရှိဘူး။
"မင်းက ငါ့ကိုသစ္စာရှိနေသရွေ့ ဒါကဘာမှမဖြစ်ဘူး။မင်းကြိုက်ရာကို မင်းလုပ်လို့ရတယ်။မင်းကိုယ်မင်း ကျွန်တစ်ယောက်လို ခံစားစရာမလိုဘူး။မင်းက လွပ်လပ်စွာ ကြိုက်ရာလုပ်နိုင်တယ်။ဒါပေမဲ့ မင်းက အခု လိမ်ထားတာတွေကို မပေါ်အောင် ဘယ်လိုလုပ်မလဲဆိုတာဘဲ စိုးရိမ်နေသင့်တယ်"
"ဘာ ဘာလိမ်ထားတာလဲ?"ပိုင်ရှင်ယုက စိတ်ရှုပ်သွားတယ်။
"မင်းက ဝူရှီးတို့ကို မင်းသူငယ်ချင်းက မွန်းစတားဖမ်းဖို့ မှော်လက်နက်တွေလိုတယ်လို့ လိမ်ထားတာမလား?ငါ့ဦးလေးတွေက ဒါကိုအလွယ်တကူယုံမယ်ထင်နေတာလား?သူတို့က မင်းလိမ်ထားတာကို သိသွားရင် မင်း....."ဝူရုန်က ဒီမှာဘဲ ဆက်မပြောဘဲ ရပ်ထားလိုက်တယ်။