Chapter(105)

5K 1K 11
                                    

Chapter(105)လှပသည့်လူငယ်လေး

ဒီအချိန်မှာအတောအတွင်းမှာတော့ ဝူရုန်သည် ဟေးအိမ်တော်အတွင်းမှာသာ နေထိုင်ပြီး သူကအချိန်တိုင်း ဆေးသန့်စင်ခြင်းလုပ်ဆောင်သည်။ပြီးတော့ သူက ဥကလေးအတွက် အချိန်ပေးတယ်။ဒါ့အပြင် သူက ဟေးရွမ်ရီကို သူ့ကိုကိုယ်ခံပညာသင်ပေးဖို့တောင်းဆိုထားတယ်။ဒါပေမဲ့ သူက ဝလွန်းတာကြောင့် ကိုယ်ခံပညာရပ်ကို သင်ကြားတာက သူ့ကိုအလွန်ကိုခက်ခဲပင်ပန်းစေတယ်။

သူက သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ အခြေအနေအတွက် ကိုယ်ခံပညာကို သင်ကြားလိုတာဖြစ်တယ်။တကယ်လို့ သူသာကိုယ်ခံပညာကို ကျွမ်းကျင်လာမယ်ဆိုရင် သူက ဝိတ်ကျသွားမှာတော့ သေချာတယ်။ဒါပေမဲ့ ကိုယ်ခံပညာက သူ့အတွက် အရမ်းအသုံးဝင်တာတော့ မဟုတ်ဘူး။ကိုယ်ခံပညာက သာမန်လူတွေကိုသာ ခုခံနိုင်တာကြောင့်ဖြစ်တယ်။

အရင်ဘဝတုန်းက ဝူရုန်က ကိုယ်ခံပညာကို မသင်ကြားနိုင်ဘဲ သူက သူ့အရိုးတွေကို သန်မာစေဖို့ဆေးရည်စိမ်ခြင်းကိုသာ လုပ်ခဲ့တာဖြစ်သည်။ဒါက နှစ်ပေါင်းများစွာ ကိုယ်ခံပညာကို လေ့ကျင့်ခဲ့တာနှင့်တူညီသည်။ဒါပေမဲ့ ဒါကတကယ့်ကို ကိုယ်ခံပညာတတ်မြှောက်ကျွမ်းကျင်သူကိုတော့မယှဉ်နိုင်ဘူး။ဒါကြောင့် သူက ဟေးရွမ်ရီကို သူ့ကိုကိုယ်ခံပညာသင်ပေးဖို့တောင်းဆိုတာဖြစ်တယ်။

မျက်တောင်တစ်ခတ်အတွင်းမှာဘဲ တစ်လဆိုသည့်အချိန်က ကုန်ဆုံးသွားသည်။အခုချိန်မှာတော့ တောင်ဘက်ခြံဝင်းသည် လာရောက်လည်ပတ်သူမရှိဘဲ အလွန်ကိုတိတ်ဆိတ်နေသည်။ဂိတ်မှာတာဝန်ကျသည့်အစောင့်တွေကတောင် သူတို့တာဝန်ကို ကောင်းကောင်းမထမ်းဆောင်ဘဲ အိပ်ငိုက်နေကြသည်။

တစ်ရက်မှာတော့ ခမ်းနားထည်ဝါသည့်ရထားလုံးသည် တောင်ဘက်ခြံဝင်း၏ဂိတ်တံခါးမှာ ရပ်တန့်သွားသည်။

အစောင့်တွေက ချက်ချင်းဘဲ ရထားလုံးထဲက ဘယ်သူလဲဆိုတာကြည့်လိုက်ကြသည်။အစေခံတစ်ယောက်သည် ရထားလုံးလိုက်ကာကို ဖွင့်ပေးလိုက်ပြီး အထဲကလူကို ထွက်စေဖို့ ကူညီပေးလိုက်သည်။ရထားလုံးထဲမှ လှပပြီးကြွေထည်လိုဖြူသွယ်နေသည့်လက်တစ်ဖက်သည် ထွက်လာပြီး အပြင်အစေခံ၏လက်ထဲကို ထည့်ပေးလိုက်သည်။

COTAW(unicode)Where stories live. Discover now