251-253

3.1K 607 10
                                    

251-253
Chapter(251)
ဖုန်းကွယ်ထားတဲ့ အမှန်တရား(1)

လဝက်ခန့် ကြာပြီးချိန်မှတော့ ရီကျဲက ဟေးအိမ်တော်ကနေ ထွက်ခွာ သွားပြီး လင်းမိုဟန်သည်လည်း အဖျားရောဂါကူးစက်မှုကို ရပ်တန့်နိုင်လိုက်ပြီဖြစ်တယ်။လူတိုင်းရဲ့ရောဂါကို ကုသနိုင်လိုက်ပြီးတဲ့ နောက်မှာတော့ လင်းမိုဟန်က အင်ပါယာမြို့တော်ကို ပြန်လာခဲ့တယ်။

အင်ပါယာအရှင်က လင်းမိုဟန်ရဲ့အပြုအမူကို ကျေနပ်သဘောကျပြီး သူနဲ့ သူ့နောက်လိုက်တွေကို ဆုချီးမြှင့်ခဲ့တယ်။သို့သော်လည်း လင်းမိုဟန်က ဆုလာဘ်ကိုငြင်းဆန်ခဲ့ပြီးပြောခဲ့တယ်"အိမ်ရှေ့မင်းသားနစ်ယောက် အနေနဲ့ လူတွေရဲ့ပြသနာကို ဖြေရှင်းပေးဖို့က သားတော်ရဲ့တာဝန်ပါဘဲ"

အင်ပါယာအရှင်က သူ့ရဲ့အဖြေကို အလွန်ကျေနပ်ပြီး သူ့ရဲ့အပြုအမူကြောင့် ပျော်ရွှင်သွားတယ်။

အဲဒီနောက်မှာတော့ လင်းမိုဟန်က ဝူချန်ဇီကို သံသယဖြစ်ကြောင်းတင်ပြခဲ့တယ်။

အင်ပါယာအရှင်က အဖျားရောဂါက ကလန်လေးခုပွဲတော်က စတင်ပြီး ကူးစက်မှန်းသိတော့ အလွန်ဒေါသထွက်သွားတယ်။ဒါပေမဲ့ သူက ဝူချန်ဇီကို တစ်နှစ်စာ လစာကို ဒဏ်ငွေပေးဆောင်ရန်နှင့်နှစ်လတာ ဆင်ချင်သုံးသပ်ရန် အမိန့်ချမှတ်ခဲ့တယ်။ဒုတိယမင်းသားကိုတော့ ယာယီညီလာခံမတက်ရောက်စေဖို့ အမိန့်ချမှတ်လိုက်တယ်။ဒါက ဒုတိယမင်းသားက နောက်လလောက်အထိ ဘာမှမလှုပ်ရှားနိုင်တော့ဘူးလို့ဆိုလိုတာဖြစ်တယ်။

လင်းမိုဟန်က ဒီရလဒ်ကို ကြိုတင်မျှော်လင့်ထားပြီးသားဖြစ်တယ်။အင်ပါယာအရှင်က ဝူချန်ဇီကို အပြစ်ပေးကြောင်း ကြေငြာတဲ့အချိန်မှာတော့ သူက အလွန်တည်ငြိမ်နေတယ်။အဲဒီနောက်မှာတော့ သူက သူ့ဘေးကအမတ်တစ်ယောက်နဲ့ မျက်လုံးချင်းဆက်သွယ်လိုက်ပြီး အချက်ပြလိုက်တယ်။

အမတ်က သူ့ရဲ့အရိပ်အမြွက်ကို မြင်တာနှင့်ရှေတက်လာပြီး လျှောက်တင်လိုက်တယ်"အရှင်မင်းကြီး ဂရန်းမစ္စတာက နှစ်လတာ အိမ်မှာ ဆင်ချင်သုံးသပ်နေတဲ့ အချိန်မှာ ဂရန်းမစ္စတာရဲ့နေရာမှာ အစားထိုးခန့်အပ်သင့်ပါတယ်။မဟုတ်ရင် အင်ပါယာ နတ္ခတ်ပညာ စီမံခန့်ခဲရေးမှာ ရှုပ်ထွေးလာပါလိမ့်မယ်"

COTAW(unicode)Where stories live. Discover now