Chapter(121+122)

5K 1K 33
                                    

Ch(121+122)
Chapter(121)
သခင်ငယ်လေးကပျောက်သွားတယ်

"ဘယ်သူကသေတာလဲ?ဘယ်သူကသေသွားတာလဲ?"လုံခြုံရေးခေါင်းဆောင်ကမေးလိုက်တယ်။

ဝူတတို့ညီအကိုကလုံခြုံရေးတွေကအမြန်ရောက်လာတာကြောင့်သူတို့ကကြောက်ရွံ့ပြီးသူတို့ရဲ့ခြေထောက်တွေတောင်မသယ်နိုင်တော့ဘဲပျော့ခွေသွားတယ်။သူတို့ကပထမဆုံးအနေဖြင့်သူတို့ဘဝဟာအမှောင်ထဲကိုကျရောက်သွားပြီဆိုတာသိလိုက်တယ်။

လုရှောင်ယုနဲ့ချန်အာကထောင့်မှာကြောက်လန့်စွာပုန်းကွယ်နေကြတယ်။

လုံခြုံရေးခေါင်းဆောင်ကဝူတနဲ့ဝူရှောင်တို့ရဲ့ကြောက်လန့်နေပုံကိုကြည့်လိုက်ပြီးသူကအိမ်ထဲကိုဝင်သွားလိုက်တော့မြေကြီးပေါ်မှာလူတစ်ယောက်လဲနေတာကိုတွေ့လိုက်ရတယ်။သူကရှေ့တိုးသွားပြီးလဲကျနေတဲ့လူကိုစမ်းကြည့်လိုက်တော့တကယ်ကိုသေနေတာကိုတွေ့လိုက်ရတယ်။သူကဝူတနဲ့ဝူရှောင်ကိုဖမ်းဖို့အစောင့်တွေကိုအမိန့်ပေးလိုက်တယ်။ပြီးတော့လုရှောင်ယုနဲ့ချန်ကာကိုလည်းတရားရုံးတော်ကိုလိုက်လာဖို့အမိန့်ပေးလိုက်တယ်။

လုရှောင်ယုနဲ့ချန်အာနှစ်ယောက်စလုံးကဝူနဲ့ဝူရှောင်ကဝမ်းတင်းကိုသတ်လိုက်တယ်လို့သက်သေခံကြတယ်။သက်သေတွေနဲ့လက်ဆုတ်လက်ကိုင်ရှိလာတာကြောင့်ဝူတနဲ့ဝူရှောင်ကငြင်းဆန်ဖို့အခွင့်အရေးမရှိတော့ဘူး။နောက်ဆုံးမှာတော့တရားသူကြီးကသူတို့ကိုဆောင်းရာသီကုန်တာနဲ့သေဒဏ်ကျခံဖို့အမိန့်ချလိုက်တယ်။

မကြာခင်မှာဘဲဒီသတင်းကိုဝူရုန်ကကြားခဲ့ရတယ်။

"လုရှောင်ယုနဲ့ချန်အာတို့ရဲ့နဂိုအစီအစဉ်ကသူတို့ကဝမ်တင်းကိုဝူညီအကိုနှစ်ယောက်ကရိုက်နက်နေတဲ့အချိန်မှာလုံခြုံရေးတွေရောက်လာပြီးဖမ်းဆီးဖို့ဖြစ်တယ်။ဒါပေမဲ့ဝူညီအကိုကဝမ်းတင်းကိုသတ်မိသွားပြီးထောင်ထဲကိုရောက်သွားတာဖြစ်တယ်။ချန်အာကျထာင်မှူးကိုလာဘ်ထိုးပြီးဝူညီအကိုထောင်ထဲမှာသေချာဂရုစိုက်ခိုင်းခဲ့တယ်။အခုဆိုရင်ဝူညီအကိုနှစ်ယောက်ကသူတို့မိန်းမတွေနဲ့အတူအိပ်ခဲ့တာကိုသိသွားတာကြောင့်သူတို့ညီအကိုနှစ်ယောက်ကနေ့တိုင်းတစ်ယောက်နဲ့သေလုနီးပါးဖြစ်အောင်တိုက်ခိုက်ကြတယ်။သူတို့ညီအကိုရဲ့မိသားစုကိုလည်းဝမတင်းတို့မိသားစုကနေ့တိုင်းပြသနာရှာတယ်။သူတို့ညီအကိုနှစ်ယောက်ကထောင်ကျသွားတာကြောင့်သူတို့ညီနဲ့ညီမရဲ့မင်္ဂလာဆောင်ကလည်းပျက်သွားခဲ့တယ်။ဒီကိစ္စကြောင့်သူတို့ရဲ့ညီမကကိုယ့်ကိုကိုယ်သတ်သေသွားတယ်။သူတို့ရဲ့အိမ်နီးချင်းတွေကလည်းသူတို့ရဲ့မိသားစုကိုမကောင်းဆိုးဝါးတွေလိုဝေးဝေးကရှောင်ကြတယ်။ပြီးတော့အခုဆိုရင်လုရှောင်ယုနဲ့ချန်အာကသူတို့မိသားစုနဲ့အတူဂိုလင်းမြို့ကထွက်သွားပြီးအခြာမြို့ကိုပြောင်းသွားပါပြီ"ရှိဂျူကဝူရုန်ကိုတင်ပြလိုက်တယ်။

COTAW(unicode)Where stories live. Discover now