275-277

2.6K 477 4
                                    

Ch(275-277)
Chapter(275)
စာရင်းမှတ်တဲ့သူက အမှားလုပ်မိတာဖြစ်မယ်(1)

အချိန်တွေ လျှင်မြန်စွာ စီးဆင်းပြီး စင်တင်ဘာလတစ်ရက်နေ့ မနက်စောစောအချိန်ကို  ရောက်ရှိလာတယ်။ဒီအချိန်မှာတော့ မိသားစုဆယ်စုက မိသားစုဝင်တွေက တော်ဝင်ပြိုင်ပွဲကွင်း၏အပြင်မှာ စောင့်နေကြတယ်။ဝင်ပေါက်က ခြောက်နာရီခွဲတဲ့အချိန်အထိ ပိတ်ထားဆဲဘဲ။ကျင့်ကြံသူတွေက ကိုယ်အုပ်စုနှင့်ကိုယ်စောင့်မျှော်နေကြတယ်။

ဝူရှိက ခြေဖျားထောက်ပြီး ဝင်ပေါက်ကို ကြည့်ပြီး ပြောလိုက်တယ်"ပြိုင်ပွဲက ခြောက်နာရီမှာ စတာမဟုတ်ဘူးလား?အခုဆို ခြောက်နာရီတောင် ခွဲနေပြီ။ဒါပေမဲ့ တံခါးကတော့ ပိတ်ထားတုန်းဘဲ"

ဝူချန်လွီက ပြောလိုက်တယ်"မိသားစုဆယ်စုက ခေါင်းဆောင်တွေက ပြိုင်ပွဲစည်းမျဉ်းတွေကို ဆွေးနွေးနေတာဖြစ်မယ်"

"ပြိုင်ပွဲစည်းမျဉ်းတွေကို အရင်ကတည်းက သတ်မှတ်ထားတာမဟုတ်ဘူးလား?သူတို့က ဒီနေ့မှ ဘာကြောင့် ဆွေးနွေးနေတာလဲ?"ဝူရှိက သိချင်စွာ ပြောလိုက်တယ်။

ဝူချန်လွီက ရှင်းပြလိုက်တယ်"ပြိုင်ပွဲစည်းမျဉ်းတွေက နှစ်တိုင်း ခြားနားတယ်။ပြိုင်ပွဲစည်းမျဉ်းတွေက ပြောင်းလဲနေခြင်းအားဖြင့် ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တဲ့သူတွေက မတရားလုပ်တာကို ကာကွယ်ဖို့ ဖြစ်တယ်"

"သမီးသိပြီ"

ဝူချွင်ချင်က ဝူရုန်၏ပခုံးကို ပုတ်လိုက်ပြီး စိုးရိမ်စွာ ပြောလိုက်တယ်"ရုန်အာ ဘာဘဲဖြစ်ဖြစ် မင်းတတ်နိုင်သလောက်ဘဲ လုပ်ဖို့ မှတ်ထားပါ။မင်းရဲ့ဂုဏ်သိက္ခာအတွက် ကိုယ့်ကိုကိုယ် မထိခိုက်စေနဲ့။နားလည်လား?"

"အဖေ မစိုးရိမ်နဲ့။ကျွန်တော်က အဖေထင်သလို အသုံးမကျတဲ့သူမဟုတ်ပါဘူး"ဝူရုန်က ဝူချွင်ချင်ရဲမျက်လုံးတွေကို စိုက်ကြည့်ပြီး သူကဝူချွင်ချင်ကို သဲလွန်စပေးဖို့ လုပ်လိုက်တယ်။

ဝူချွင်ချင်က ခေါင်းငြိမ့်လိုက်တယ်။

ဝူချန်လွီက ဝူရုန်ကို လျှင်မြန်စွာ ကြည့်လိုက်တယ်။သူက ဒီလှပတဲ့ ကောင်လေးက အသုံးမကျတဲ့သူလို့တော့မထင်ဘူး။

COTAW(unicode)Where stories live. Discover now