Chapter(86)

5.5K 1K 8
                                    

Chapter(86)သံသယ

"ဟုတ်လို့လား?"ဝူဇူသည် မယုံကြည်နိုင်ဘူး။

"အကိုကြီးက ဆေးတစ်ပြားစားကြည့်လ်ုကလေ"ဝူရုန်က ပြောလိုက်တယ်။

ဝူဇူက ဆေးတစ်ပြားကို ထုတ်ယူပြီး စားလိုက်ပြီးနောက် စိတ်ကိုလန်းဆန်းလာစေပြီး မောပန်းမှုကို ပြေစေတာကြောင့် ပြောလိုက်တယ်။

"ဒါက တကယ်ကိုဘဲ စိတ်ကိုလန်းဆန်းစေတယ်"

"အကိုကြီးက ကျွန်တော့်ကို အကြီးအကဲယောင်လို နိမိတ်ဖတ်တတ်တယ်ထင်နေတာလား?ပြီးတော့ ဘယ်လိုမျိုးမွန်းစတားဆိုတာ သိပြီး သူ့ရဲ့အားနည်းချက်ကို သိမယ်လို့ထင်နေတာလား?ဒါဆိုရင်တော့ ကျွန်တော်က နတ်ဘုရားဖြစ်လိမ့်မယ်"ဝူရုန်က ရယ်ပြီးပြောလိုက်တယ်။

"ဒါပေမဲ့ ဒီဆေးပြားကို ဘာလို့ပေးခဲ့တာလဲ?ဒါက အသက်ရှင်ဖို့အခွင့်အရေးပေးလိုက်သလိုဘဲ"ဝူဇူက ပြောလိုက်တယ်။

"ကျွန်တော်က အကိုကြီးက ဒီမစ်ရှင်ကို သွားလုပ်တဲ့အချိန်မှာ တကယ်ကိုအကူအညီပေးချင်တယ်။ဒါကြောင့် ကျွန်တော်ကိုယ်တိုင်လုပ်ထားတဲ့ ဆေးပြားကို ပေးလိုက်တာဘဲ။ဒါက အကိုကြီးမောပန်းလာတဲ့အခါမှာ အကူအညီပေးလိမ့်မယ်"ဝူရုန်က ရှင်းပြလိုက်တယ်။

"ရုန်အာ ဆေးသန့်စင်တာကို ဘယ်တုန်းက သင်လိုက်တာလဲ?"ဝူချွင်ချင်က အံ့ဩစွာမေးလိုက်တယ်။

"ကျွန်တော့်အတွက် ရွမ်ရီက သမားတော်တစ်ယောက်ခေါ်ထားပေးတယ်လို့ ပြောဖူးတယ်မလား?အဲဒီအချိန်ကတည်းက ဆေးပညာကိုလေ့လာနေတာ။ပြီးတော့ ဒါက စိတ်စွမ်းအင်ကိုလည်း မလိုအပ်ဘူးလေ"ဝူရုန်က ရှင်းပြလိုက်တယ်။

"ဒီလိုကိုး"ဝူချွင်ချင်က ခေါင်းငြိမ့်လိုက်တယ်။ထို့နောက် သူက ဝူဇူဘင်ကို လှည့်ပြီးမေးလိုက်တယ်။

"လုပ်ကြံသူတွေက မင်းတို့သစ်တောထဲကို ရောက်မှ ရောလိုက်တာဖြစ်နိုင်လား?"

"ကျွန်တော်လည်း ဒီလိုဘဲထင်တယ်။သူတို့က အစကတည်းက ရောထားတယ်ဆိုရင် ဦးလေးတွေက သတိထားမိမှာဘဲ"ဝူဇူက ပြောလိုက်တယ်။

ဝူချွင်ချင်က"လုပ်ကြံသူတွေက အပြင်လူတွေဖြစ်ရင်ကောင်းမယ် အဲဒီလိုမဟုတ်ဘဲ ဝူမိသားစုကဆိုရင်.."

COTAW(unicode)Where stories live. Discover now