Chapter(97)မကောင်းဆိုးဝါးဆာလောင်ခြင်းပွဲတော်
ဝူရုန်သည် ကိုယ်ရံတော်တွေ လက်ထဲက များပြားလှသည့်စားစရာတွေ အရုပ်တွေနှင့် ကစားစရာတွေကို ကြည့်ပြီးပြောစရာစကားတောင်မရှိတော့ဘူး။ဒါပေမဲ့ ဥကလေးက ပျော်ရွှင်နေတာကြောင့် သူကမတားဆီးပါဘူး။
သူတို့လူစုဘုရားကျောင်းနှင့်နီးလာတာတာနှင့် လမ်းပေါ်မှာလူတွေပိုများလာပြီး ဗုံသံတွေကို ကြားလာရသည်။
ဟေးဂန်း၏ပခုံးပေါ်မှာထိုင်နေသည့် ဥကလေးသည် ဗံသံတွေကို ကြားလာရသည့်နှင့် ပိုပိုပြီးတက်ကြွလာပြီး ပြောလိုက်သည်။
"ဦးလေးဂန်း မြန်မြန်လေး အဲဒီကိုသွား"
"ကောင်းပြီ။မြန်မြန်လေးသွားမယ်"ဟေးဂန်းသည် လူတွေကို ဖြတ်ကျော်ပြီး မြန်မြန်လေးသွားလိုက်သည်။
သူတို့က ပထမဆုံးခြင်သေ့အက ကနေသည့်အဖွဲ့ကို တွေ့လိုက်ရသည်။ခြင်သေ့အကကို လူနှစ်ယောက်က သရုပ်ဖော်ကပြတာဖြစ်တယ်။လူတစ်ယောက်က ခြင်သေ့ခေါင်းပိုင်းမှာနေပြီး တစ်ယောက်ကတော့ ခြင်သေ့ခန္ဓာကိုယ်ပိုင်းမှာ တာဝန်ယူပြီး သူတို့က ခြင်သေ့တစ်ကောင်၏အပြုအမူအတိုင်းတုပပြီး ကပြကြတာဖြစ်တယ်။ကလေးတွေသည် ခြင်သေ့အကကို စိတ်ဝင်စားစွာကြည့်ပြီး ကျယ်လောင်စွာ အော်ဟစ်အားပေးနေကြသည်။
ခြင်သေ့အကကိုကနေသည့် အဖွဲ့ကိုကျော်သွားချိန်မှာတော့ သူတို့က ခါးမှာလှေပုံစံဝတ်ဆင်ထားသည့် အမျိုးသမီးကို တွေ့လိုက်ရသည်။ဒါက လှေအစစ်မဟုတ်ဘဲ ရောင်စုံပိတ်စတွေ ဝါးတွေနှင့် အလှဆင်လားသည့် လှေပုံစံအတုသာဖြစ်သည်။အမျိုးသမီး၏လက်ထဲမှာ လှော်တက်ကိုကိုင်ထားပြီး သူမသည် သီချင်းဆိုရင်း လေလှော်နေသည့်အမူအရာလုပ်နေသည်။သူမ၏ခရီးသည်အဖြစ်လူတစ်ယောက်ကလည်း သရုပ်ဖော်ထားပြီး ဒီလူ၏အပြုအမူက လူတွေကို ရယ်မောစေသည်။
သူတို့ဆက်သွားလိုက်သည့်အခါမှာတော့ ကုလားမခြေထောက်ကို ဝတ်ဆင်ထားသည့် လူတစ်စုကို တွေ့ရသည်၊သူတို့တွေက ရှည်လျားသည့် ကုလားမခြေထောက်ကို ဝတ်ဆင်ထားပြီး မိတ်ကပ်ထူထူလိမ်းထားပြီး ပြဇာတ်ထဲက သီချင်းဆိုပြီး သရုပ်ဖော်နေကြသည်။