Chapter(84)တစ်စုံတစ်ယောက်က ကျွန်တော့်ကိုသတ်ဖို့ကြိုးစားတယ်
ဟေးရှင်းသည် ဟေးဂန်းဘာပြောချင်တာလဲဆိုတာ နားလည်ပြီး ပြုံးပြီးပြောလိုက်တယ်။
"မင်းက သခင်ကဘာလို့ ဒီလိုလုပ်တာလဲဆိုတာ သိချင်တာမလား?"
"အွန်း"
သူက ဘယ်တော်ကမှသခင်က တစ်စုံတစ်ယောက်ကြောင့်တက်ကြွနေတာကိုမမြင်ဖူးပါဘူး။သခင်က သူ့ရဲ့မိသားစုဝင်အရှေ့မှာဆိုရင်တောင်မှာပေါ့..
"သခင်က ဒီလိုလုပ်လို့ ပျော်ရွှင်နေတာကို မြင်တယ်မဟုတ်လား?ဒါဆိုပြီးပြီလေ။အခုနေ့လယ်စာစားချိန်ရောက်ပြီ။ဥကလေးကို သွားရှာခဲ့"ဟေးရှင်းက ပြောလိုက်တယ်။
"သခင်ငယ်လေးက ဘယ်မှာလဲ?"
"ငါသာသခင်ငယ်လေးဘယ်မှာရှိတယ်ဆိုတာ သိရင် မင်းကိုသွားရှာခိုင်းပါ့မလား?"
"......"ဟေးဂန်း
နေ့လယ်စားစားချိန်မှာတော့ ဟေးရွမ်ရီသည် ဝူရုန်၏ပန်းကန်ထဲကို အသားတစ်တုံးထည့်ပေးလိုက်တယ်။
ဝူရုန်က အသားတုံးကို စားလိုက်ပြီးနောက်မှာတော့ ဟေးရွမ်ရီက ကြက်သားတစ်တုံးကို ထပ်ထည့်ပေးလိုက်တယ်။
ဝူရုန်က ကြက်သားဖက်ကို ကြောင်ပြီး ကြည့်နေလိုက်တယ်။
"ဘယ်ဟင်းကို စားရတာကြိုက်လဲ?"ဟေးရွမ်ရီက မေးလိုက်တယ်။
"ငါးပေါင်း"ဝူရုန်က ဖြေလိုက်ပြီးမှ ကြောင်အသွားတယ်။
ဟေးရွမ်ရီသည် ငါးပေါင်းအနည်းငယ်ကို တူနှင့်ယူလိုက်ပြီး အချဉ်နှင့်စိမ်လိုက်ပြီးမှ ဝူရုန်ပန်းကန်ထဲကို ထည့်ပေးလိုက်တယ်။
ဝူရုန်က ငါးပေါင်းကိုကြောင်အစွာကြည့်နေပြီးမှ စားလိုက်တယ်။ဝူရုန်က စားပြီးသွားတိုင်း ဟေးရွမ်ရီက ထပ်ထည့်ပေးလိုက်တယ်။ဒီနေ့ ဟေးရွမ်ရီက ထူးဆန်းတယ်လို့ ခံစားရတယ်။ဒါပေမဲ့ဝူရုန်က ဟေးရွမ်ရီကသူ့ကိုဟင်းထည့်ပေးတာကို စိတ်ပျက်တယ်လို့မခံစားရဘဲ ပျော်ရွှင်နေတယ်။ဒါကြောင့် သူက ဒီနေ့မှာပိုပြီးစားလိုက်တယ်။