259-261

2.9K 542 5
                                    

259-261
Chapter(259)
ဂရုစိုက်...သူက လူလိမ်ဘဲ(1)

"ဒီတော့ မင်းတို့က အဲဒီရွံ့စရာကောင်းတဲ့ဟာတွေပေါ့"ကျင်းလန်က နှာခေါင်းရှုံ့လိုက်ပြီး စိတ်စွမ်းအင်တိုးတက်ဆေးကို သူ့ရဲ့အဖွဲ့ဝင်တစ်ယောက်စီကို ပစ်ပေးလိုက်ပြီး"ဂူစန်း ဒီဆေးကို ယူသွားတော့"

"ဟုတ် ဆာ"မကောင်းဆိုးဝါးအရိပ်တစ်ခုက ပေါ်လာပြီး ဆေးကို ယူပြီး ပျောက်ကွယ်သွားလိုက်တယ်။

ဟေးရွမ်ရီက သူ့ကိုခက်ထန်စွာစိုက်ကြည့်လိုက်တယ်။ပြီးတော့ သူ့ရဲ့လက်ညှိုးကို လက်မနှင့် သွေးထွက်အောင် ဖိဆိတ်လိုက်ပြီး သွေးတွေက  ထွက်ပေါ်လာတယ်။အဲဒီနောက်မှာတော့ သူက သွေးကို  ဂူစန်းရှိတဲ့ဘက်ကို တောက်ထုတ်လိုက်တယ်။

ဘန်း!ဂူစန်းကို သွေးစက်က ထိသွားတာနှင့် ပေါက်ကွဲသွားပြီး သူ့လက်ထဲက စိတ်စွမ်းအင်တိုးတက်ဆေးကလည်း ပြုတ်ကျသွားတယ်။အဲဒီနောက်မှာတော့ ပုန်းကွယ်နေတဲ့ မကောင်းဆိုးဝါးတစ်ကောင်က ပေါ်လာပြီး စိတ်စွမ်းအင်တိုးတက်ဆေးကို ကောက်ယူပြီး ပျောက်ကွယ်သွားတယ်။

စစ်သည်တွေက သူ့ကိုဖမ်းဖို့လိုက်သွားကြတယ်။

ကျင်လန်က ဟေးရွမ်ရီကို မယှဉ်နိုင်ပေမဲ့ သူက ဟေးရွမ်ရီကို ပြန်ပြီး ဆန့်ကျင်တိုက်ခိုက်နေတယ်။သူက တိုက်ခိုက်ရင်းနှင့် သူ့ရဲ့အဖွဲ့ဝင်တွေရှိရာကို ဆုတ်သွားပြီး သူက လျှို့ဝှက်ပညာရပ်ကို သုံးပြီး မြေအောက်ထဲကနေ ရာချီတဲ့အရိုးခြောက်တွေ ထွက်လာအောင် ဆင့်ခေါ်ပြီး စစ်သည်တွေကို တိုက်ခိုက်စေတယ်။အဲဒီနောက်မှာတော့ သူက ဟေးရွမ်ရီနှင့် ကြီးကြပ်ရေးမှူးရှိတဲ့ဘက်ကို ဗုန်းတစ်လုံးပစ်လိုက်တယ်။

ဘုန်း!!!အဲဒီနောက်မှာတော့ လေလံအိမ်တစ်ခုလုံးက အဖြူရောင်မီးခိုးငွေ့တွေနှင့်ပြည့်သွားတယ်။

"သွားစို့"ကျင်းလန်က အော်လိုက်တယ်။

ဟေးရွမ်ရီက လျှင်မြန်စွာ ကျင်းလန်၏လက်မောင်းကို ဖမ်းဆွဲလိုက်ပြီး  ပြင်းပြင်းထန်ထန်ရိုက်နက်လိုက်တယ်။ကျင်းလန်က အခြားသူတွေထွက်ပြေးသွားတဲ့အချိန်မှာ သူကတော့ ရိုက်နှက်ခံလိုက်ရပြီး မတ်မတ်တောင် မရပ်နိုင်တော့ဘူး။

COTAW(unicode)Where stories live. Discover now