314-316

2.5K 441 15
                                    

Chapter(314)
ကြမ်းပြင်ကိုလျှာနဲ့လျက်စမ်း(2)

"လုံလောက်ပြီ"ဟေးရွမ်ရီက သူ့ရဲ့မျက်လုံးတွေကို ကာပေးပြီးပြောလိုက်တယ်။သူက သူ့ဇနီး ကိုယ်လုံးတီးယောက်ျားတစ်ယောက်ကို စိုက်ကြည့်နေတာကို မကြိုက်ဘူး။

"အင်း"ဝူရုန်၏ခံစားချက်တွေက အေးစက်နေရာမှ နွေးထွေးလာတယ်။သူက ဟေးရွမ်ရီဘက်ကို လှည့်လိုက်ပြီး ဟေးရွမ်ရီကို ဖက်လိုက်ပြီး သူ့ရဲ့ပါးကိုနမ်းလိုက်ပြီး ဟေးရွမ်ရီ၏ရင်ဘတ်ကို သူ့ခေါင်းနှင့်ပွတ်တိုက်လိုက်ပြီး ပြောလိုက်တယ်"အသံတွေက ဘာကြောင့် ဒီလောပ်ကျယ်ရတာလဲ?"

စန်းလန်က ဒီအရိပ်အမြွတ်ကြောင့် လျှင်မြန်စွာ ဘာစီရဲ့ဦးနှောက်ကို ဖြတ်လိုက်တယ်။

ဟေးရွမ်ရီက သူတို့ကို အေးစက်စွာစိုက်ကြည့်လိုက်ပြီး ဝူရုန်ကို အဝေးကို ခေါ်သွားလိုက်တယ်။

"ကြင်ယာတော် ကျွန်တော်တို့က လူနှစ်ယောက်ကို ဖမ်းခဲ့သေးတယ်"ဟေးရင်းကပြောလိုက်တယ်။

"ဘယ်သူတွေလဲ?"ဝူရုန်က မေးလိုက်တယ်။

"သူတို့ ဂိုလင်းမြို့က ဝူမိသားစုဘဲ။သူတို့နှစ်ယောက်က စွပ်ဖားလှည်းပြိုင်ပွဲတုန်းက ကြင်ယာတော်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့သူဘဲ"

"သူတို့ကို လွတ်ပေးလိုက်"ဝူရုန်ကပြောလိုက်တယ်။

"ဟုတ်"

ဟေးရင်းက ဝူရှန်းနှင့်ဝူရှားကို လွတ်ပေးလိုက်တယ်။ဝူရှားက ဝူရုန်ကို မြင်တာနှင့် ဓားဆွဲထုတ်လိုက်ပြီး ဝူရုန်ကို ဓားနဲ့ချိန်လိုက်ပြီး"ဝူရုန် မင်းက ငါ့ရှေ့မှာ လူကောင်းလိုဟန်ဆောင်စရာမလိုအပ်ဘူး။မင်းက ငါ့အစားကလဲ့စားချေပေးစရာမလိုအပ်ဘူး။ဘာစီကို ငါကိုယ်တိုင်သတ်မယ်"

သူတို့က ဘေးခန်းမှာဘဲ ရှိနေခဲ့တဲ့အတွက် ဝူရုန်က ဘာစီနှင့် စန်းလန်တို့ပြောနေတာကို ကြားခဲ့ပြီးသားဖြစ်တယ်။

ဟေးရင်းကဓားကို ကန်ထုတ်လိုက်တယ်။

"မင်းမှားနေပြီ"ဝူရုန်က ဆက်ပြောလိုက်တယ်"ငါက ငါ့ကိုထိခိုက်စေဖူးတဲ့လူအတွက်နဲ့ တစ်စုံတစ်ယောက်ကို ကလဲ့စားချေပေးမှာ မဟုတ်ဘူး။ဟေးရင်း သူတို့ကို အပြင်ပို့လိုက်"

COTAW(unicode)Where stories live. Discover now