Chapter(119)

4.7K 942 5
                                    


Chapter(119)
အသုံးမကျတဲ့ဟာတွေ

ဇီးပန်းပွင့်ဟာ မီးလောင်သွားတဲ့အချိန်မှာဘဲ ဘာစီကတစ်စုံတစ်ခုကိုခံစားမိတယ်။သူက ဝူရုန်တို့ထွက်သွားတဲ့ဘက်ကို ကြည့်လိုက်ပြီး နောက် သူက အံ့သြသွားတယ်။သူကဒါကိုမယုံကြည်နိုင်ဘူး။

"ချိုးဖြတ်လိုက်တာလား?"

ဘာစီက အင်းဆက်ထိန်းကျောင်းသူဖြစ်ဖြစ် စုန်းတွေဘဲဖြစ်ဖြစ် သူ့ရဲ့ကျိန်စာကို ဘယ်သူကမှ အလွယ်တကူမချိုးဖြတ်နိုင်ဘူးလို့ သူက သူ့ကိုယ်သူယုံကြည်မှု လုံးဝရှိတယ်။ဒါပေမဲ့ အခုက ဒါကိုဘယ်သူက ချိုးဖြတ်လိုက်တာလဲ?ဘယ်သူ့မှာ ဒီလိုစွမ်းရည်ရှိနေတာလဲ?ဝူမိသားစုမှာ စုန်းပညာရှင်တို့ အင်းဆက်ထိန်းကျောင်းသူတို့က ရှိလို့လား?

ဘာစီက ဘယ်လိုဆိုးဝါးတဲ့အပြုအမူတွေကိုမှ မလုပ်ပါဘူး။သူကဒီရက်တွေမှာ ဝူရုန်နဲ့တွေ့ဆုံဖို့ အခွင့်အရေးတွေဖန်တီးပြီး ဝူရုန်နဲ့ရင်းနှီးလာအောင်သာ ကြိုးစားတယ်။

ဘာစီက အချိန်တိုင်းမှာ ဝူရုန်ရဲ့ ရှေ့ကို ပြုံးနေတဲ့ မျက်နှာနဲ့ရောက်ရှိလာတတ်တယ်။ဝူရုန်က ဘာစီက သူ့မိသားစုကို ထိခိုက်အောင်မလုပ်သရွေ့ သူကဂရုစိုက်မှာမဟုတ်ဘူး။

"ငါကြားတာတော့ ဒီနေ့ဝူရှားကကျောင်းလာမှာတဲ့"ဝူရှိက ဝူရုန်ကိုပြောလိုက်တယ်။

ဝူရုန်ရဲ့မျက်ခုံးတွေက မြင့်တက်သွားပြီးပြောလိုက်တယ်"သူက လုံးဝကောင်းသွားပြီလား?သူက တစ်လတရားထိုင်ရမှာ မဟုတ်ဘူးလား?"

"သူက ကောင်းသွားပြီလားတော့ ငါလည်းမသိဘူး။ဒါပေမဲ့ သူ့အဖေက အကြီးအကဲတွေကို သက်ညှာပေးဖို့တောင်းဆိုခဲ့တယ်။သူ့အဖေက ဝူရှားကိုနေ့ခင်းမှာ ကျောင်းတက်ပြီး ညပိုင်းမှာတရားထိုင်ဖို့နဲ့ အချိန်ကိုလည်း တစ်လကနေ သုံးလတိုးလိုက်ဖို့ အကြီးအကဲတွေကို တောင်းဆိုခဲ့တယ်"

"ဘာဘဲဖြစ်ဖြစ် ငါတို့ကသူ့ကိုကြောက်စရာမလိုဘူး။သူက ငါတို့ကိုကျောင်းမှာတော့ ပြသနာရှာရဲမှာ မဟုတ်ဘူး။ဒါပေမဲ့ သူကလက်တုံ့ပြန်တတ်တဲ့သူဖြစ်လို့ ငါတို့ကပိုဂရုစိုက်ရမယ်"ဝူရုန်ကပြောလိုက်တယ်။

COTAW(unicode)Where stories live. Discover now