268-271

3.1K 530 6
                                    

Chapter(268)
သေဆုံးခြင်းကျိန်စာ(2)

အကြီးအကဲထန်းဇောင်က သူတို့ကိုတွေ့တော့ အံ့အားသင့်သွားတယ်။သူက ပြုံးပြီးမေးလိုက်တယ်"ဒကာလေးတို့မှာ သိချင်တာများ တစ်စုံတစ်ရာရှိပါသလား?"

ဝူရုန်က ဟေးရွမ်ရီကို ကြည့်ပြီးဖြေလိုက်တယ်"ကျွန်တော်တို့ ဘာသိသင့်လဲဆိုတာ ကျွန်တော်တို့မသိပါဘူး။ဒါကြောင့် အကြီးအကဲကဘဲ ကျွန်တော်တို့နဲ့ သက်ဆိုင်တဲ့ အကြောင်း ဘာဘဲဖြစ်ဖြစ်ပြောပြပေးပါ"

အကြီးအကဲထန်းဇောင်က ခေါင်းငြိမ့်လိုက်ပြီး"ကျုပ်က အဲဒီလိုလုပ်ပေးနိုင်ပါတယ်။ဒါပေမဲ့....."

"ကျေးဇူးပြုပြီး"

အကြီးအကဲထန်းဇောင်က ဟေးရွမ်ရီကို ကြည့်ပြီးပြောလိုက်တယ်"ကျုပ် မင်းရဲ့အခြေအနေကို မြင်ရတာက မင်းက အပြစ်ပြောစရာမရှိအောင်ကို ကြည့်ကောင်းပြီး တိုးတက်နိုင်တဲ့လူငယ်ဘဲ။မင်းရဲ့မိသားစုနောက်ခံကလည်း တောင့်တင်းတယ်။ကံမကောင်းစွာဘဲ မင်းထန်းဆောင်ရတဲ့ တာဝန်ဝတ္တရားတွေက လွှမ်းမိုလွန်းအားကြီးတယ်။ကျုပ် မင်းအတွက်ပြောချင်တာကတော့ အဲဒီတာဝန်ဝတ္တရားတွေကို လွတ်ချလိုက်တာကလည်း ဆိုးတာတော့မဟုတ်ဘူး"

ဟေးရွမ်ရီက စိတ်ရင်းနှင့်ကျေးဇူးတင်စကားပြောလိုက်တယ်"ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

အကြီးအကဲထန်းဇောင်က ဝူရုန်ကို ကြည့်ပြီး သူမပြောခင် ခဏလောက် ဝူရုန်ရဲ့မျက်နှာကို လေ့လာလိုက်ပြီးမှ"မင်းရဲ့အခြေအနေက ထူးခြားလွန်းတယ်။ကျုပ်ရဲ့အသိဉာဏ်ကန့်သတ်ချက်ကြောင့် အများကြီး မပြောနိုင်တာ စိတ်မကောင်းပါဘူး။ဒါပေမဲ့ ကျုပ်မှာ မင်းအတွက် စကားအနည်းငယ်သာရှိတယ်။မင်းမှာ ကောင်းကင်ဘုံက ပေးတဲ့အခွင့်ရေးကို ပြန်ရကတည်းက မင်း ကောင်းကောင်းကြိုးစားသင့်တယ်။အခွင့်ရေးက နောက်တစ်ကြိမ်ရလာမှာ မဟုတ်ဘူး"

"......."ဝူရုန်

ဘုန်းတော်ကြီးက သူ့ရဲ့အနာဂတ်ကို မပြောနိုင်ပေမဲ့ သူက ပြန်လည်မွေးဖွားလာတာကိုတော့ပြောနိုင်တယ်။

အကြီးအကဲထန်းဇောင်က ပြုံးပြီး ဟေးရွမ်ရီကို ကြည့်ပြီး ထပ်ပြောလိုက်တယ်"မင်းတို့နှစ်ယောက်လုံးက ယောက်ျားတွေဆိုပေမဲ့လည်း ကံကြမ္မာအလိုအရ လက်ထပ်ထားတဲ့စုံတွဲတွေဘဲ။မင်း ကျင့်ကြံခြင်းကြောင့် နှစ်တစ်ရာကြာအောင် အသက်ရှည်နိုင်ပြီး တစ်စုံတစ်စုံယောက်နှင့် လက်ထပ်ပြီး ကျင့်ကြံခြင်းက နှစ်တစ်ထောင်ကြာအောင် အသက်ရှည်နိုင်လိမ့်မယ်။ဒါက မင်းရဲ့ရှားပါးတဲ့ ကံတရားဘဲ။သို့သော်လည်း မင်းရဲ့ကံတရားက ထူးဆန်းတယ်။မင်းရဲ့လက်ထပ်ခြင်းက ဆယ့်ငါးနှစ်သာ ရှိလိမ့်မယ်လို့ပြနေတယ်။ဒါပေမဲ့ အခြားတစ်ဖက်က လက္ခဏာကလည်း ထာဝရအဆုံးတိုင်ရှိလိမ့်မယ်လို့ပြနေတယ်။ဘယ်လိုဘဲ ဖြစ်ပါစေ ကောင်းကင်ဘုံရဲ့အလိုတော်အရ တစ်ရက်ကျရင်တော့ မင်းတို့ ထာဝရအတူရှိလိမ့်မယ်။တစ်ယောက်နဲ့တစ်ယောက် လက်မလွတ်လိုက်နဲ့။ မဟုတ်ရင် မင်းတို့ ဝမ်းနည်းရလိမ့်မယ်"

COTAW(unicode)Where stories live. Discover now