339-341

2.1K 394 6
                                    


Chapter(339)
ဧကရာဇ်ထံတရားမျှတမှုတောင်းဆိုခြင်း(3)

"နင်က ငါက နင်နဲ့အတူ အခန်းသေးလေးကို ပြန်မယ်လို့ ထင်နေတာလား?"ဝူဝေ့ရွယ်က လှောင်လိုက်တယ်။

"မင်းက ငါ့ကလေးကို ကိုယ်ဝန်ရှိနေလောက်ပြီ။မင်းက ဘယ်ကိုများသွားချင်သေးတာလဲ?"

"ဒါက နင့်ကိစ္စမဟုတ်ဘူး"

"အရှင်မင်းကြီး အရှင်က သူမကို ကျွန်တော့်နဲ့လက်ထပ်ခွင့်ပေးခဲ့တယ်။ဒါပေမဲ့ သူမက အရှင့်ရဲ့အမိန့်ကို အတိအကျကို မနာခံဘူး။အရှင်မင်းကြီး အရှင်က ကျွန်တော့်ကို တရာမျှတမှုပေးဖို့ တောင်းဆိုပါတယ်"ဒီဟေးရွမ်ရီက ဧကရာဇ်က တောင်းဆိုလိုက်တယ်။

ဧကရာဇ်ကတော့ ဟေးရွမ်ရီ၏ အလွန့်အလွန်ကို တော်လွန်းတဲ့ စိတ်ကူးကိုဘဲ လေးစားမိတယ်။သတိုးသားနေရာမှာ အမည်တူတဲ့ တစ်စုံတစ်ယောက်ကို အစားထိုးလိုက်ပြီး အင်ပါယာအမိန့်တော်ကိုလည်း မဆန့်ကျင်အောင် လုပ်နိုင်ခဲ့တယ်။

ဝူဝေ့ရွယ်ကလည်း ငိုကြွေးပြီး"အရှင်မင်းကြီး သူက ကျွန်မလက်ထပ်ချင်တဲ့ တစ်ယောက်မဟုတ်ဘူး"

ဧကရာဇ်က သူ့နဖူးကိုထောက်လိုက်ပြီး ပြောလိုက်တယ်"မင်းက သူက မင်းလက်ထပ်ချင်တဲ့ တစ်ယောက်မဟုတ်ကတည်းက မင်းက ဘာကြောင့် မင်္ဂလာဆောင်ဖို့ ပြောခဲ့သေးလဲ?အခု မင်းတို့က တရားဝင်လက်ထပ်ပြီးသွားပြီးတော့ မင်္ဂလာညကိုလည်း အတူတကွ ကုန်ဆုံးပြီးသွားပြီ။မင်းက ဘယ်လိုလုပ်ချင်သေးလို့လဲ?"

"ကျွန်မကွာရှင်းချင်တယ်"

"အဓိပ္ပာယ်မရှိလိုက်တာ"ဧကရာဇ်က အောလိုက်တယ်"ဒါက ကိုယ်တော့်ရဲ့အင်ပါယာအမိန့်တော်ဘဲ။ဒါကို မင်းက ကွာရှင်းချင်သေးတာလား?မင်းက ကိုယ်တော်နဲ့ ကစားချင်နေတာလား?"

"........"ဝူဝေ့ရွယ်

ဝူချန်ဇီက ပြောလိုက်တယ်"ဟေးရွမ်ရီ မင်းက ဟေးရွမ်ရီဆိုတာ မင်းမှာ သက်သေပြစရာရှိလား?"

"မင်းက သူ့ကို ဟေးရွမ်ရီလို့ပြောတယ်။မင်းမှာ သူက'ဟေးရွမ်ရီ'ဆိုတာ သက်သေပြစရာရှိလား?"ရုပ်ဆိုးတဲ့ ဟေးရွမ်ရီက ကြည့်ကောင်းတဲ့ ဟေးရွမ်ရီကို ကြည်ပြီးပြောလိုက်တယ်။

COTAW(unicode)Where stories live. Discover now