Chapter(81)

5.7K 1K 7
                                    

Chapter(81)ဝူချူ၏ဈာပန

ဝူချွင်ချင်သည် ဝူချူ၏သတင်းကြားသည့်အခါ သူကစူဂျင်ခြံဝင်းကို သွားဖို့အခြားလူတွေကို စောင့်ပြီးမှ ဂေါင်တုန်နှင့်အတူ သွားလိုက်တယ်။

အရင်တုန်းကဆိုရင် ဝူချွင်ချင်သည် တခြားလူတွေ ဒဏ်ရာရတယ်ဆိုတာ ကြားတာနှင့်အရင်ဆုံးသွားကြည့်သူဖြစ်တယ်။

သူတို့ကစူဂျင်ခြံဝင်းကို သွားလိုက်ပြီး မကြာခင်မှာဘဲ ပြန်လာတာကြောင့် ဝူရုန်က အံ့ဩသွားတယ်။

"အဖေ ဘာလို့ဒီလောက်မြန်မြန်ကြီးပြန်လာရတာလဲ?"

ဝူချွင်ချင်က ဘာမှမဖြေပါဘူး။

ဂေါင်တုန်သည် မျက်ရည်ဝဲပြီးပြောလိုက်တယ်"ချူအာရဲ့ဒဏ်ရာတွေက အရမ်းပြင်းထန်တယ်။ငါတို့ရောက်သွားတော့ သူကသွားလိုက်ပြီ"

ဝူရုန်၏မျက်ခုံးက မြင့်တက်သွားတယ်။ဒါဆို ဝူချူက ဒီတိုင်းဘဲ သေသွားပြီပေါ့။

ဝူဇူနှင့်ဝူရှိလဲ သူတို့ကြားတာကို မယုံကြည်ဘဲ မေးလိုက်တယ်။

"ဘယ်သူလုပ်တာလဲ?ဘယ်လိုဖြစ်ပြီးတော့လဲ?"

ဝူချွင်ချင်သည် သက်ပြင်းချပြီးပြောလိုက်တယ်"မင်းတို့ဦးလေးကတော့ အန်းယန်လို့ထင်နေတယ်။အခု သူက မြောက်ဘက်ခြံဝင်းကို ထိပ်တိုက်ရင်ဆိုင်ဖို့သွားတယ်။ရုန်အာ မင်းလည်းပြန်လိုက်တော့လေ။နောက်မှ ဈာပနတက်ဖို့ ပြန်လာခဲ့လိုက်"

"အင်း"

ဝူရုန်တို့သည် ဟေးအိမ်တော်ကို ပြန်လာခဲ့တယ်။

ဟေးအိမ်တော်ကိုရောက်တော့ ဝူရုန်က ရှိရီကို မေးလိုက်တယ်"ဝူချူက ဘယ်လိုသေသွားတာလဲ?"

ရှိရီက"ဝူချူက ဝူအိမ်တော်က ထွက်လာတာနဲ့ ကျွန်တော်တို့လူတွေက ဝူအန်းယန်ကို ဝူချူက တစ်ယောက်ထဲထွက်လာကြောင်း သတင်းပေးလိုက်တယ်။နောက်တော့ ဝူအန်းယန်ရဲ့လူတွေရောက်လာပြီး ဝူချူကို သတ်လိုက်တယ်။ဝူချူက သူ့ကိုယ်သူကာကွယ်ဖို့ စိတ်စွမ်းအင်မလုံလောက်တာကြောင့် သတ်ခံလိုက်ရတာဘဲ။ဝူချွင်ဂျင်ရောက်လာတာမဲ့ ကျွန်တော့်တို့လူတွေက သဲလွန်စတွေချန်ထားပြီး ထွက်ခဲ့တာ။ဝူချွင်ဂျင်က နောက်ကွယ်မှာ ဝူအန်းယန်ရှိမှန်းသိသွားလိမ့်မယ်"

COTAW(unicode)Where stories live. Discover now