309-310

2.4K 438 3
                                    


Chapter(309)
ကိုယ်ကအဲဒါကိုအထဲမှာ ပိုထားရရင်လည်း စိတ်မရှိဘူး(1)

"ရုန်အာ ဒါက ငါမကောင်းတာပါ။ကျေးဇူးပြုပြီး ငါ့ကိုသွားခွင့်ပေးပါ။ငါက အဲဒီလိုဘာကြောင့်လဲခဲ့လဲဆိုတာ ငါမသိဘူး"

"မစိုးရိမ်နဲ့။ငါ မင်းကို လွတ်ပေးမှာပါ။ငါတို့က ဝမ်းကွဲတွေဘဲလေ။ငါက ဘယ်လိုလုပ်ပြီး မင်းသေမှာကိုကြည့်နေနိုင်မှာလဲ?"ဝူရုန်က အစောင့် တစ်ယောက်ကို ပြောလိုက်တယ်"သူ့ကို သေတ္တာတစ်ခုထဲထည့်ပြီး ဝူချန်ဇီထံကို ပို့လိုက်"

ဝူယု၏မျက်နှာက ရုတ်တရက် ဖြူဖျော့သွားပြီး ကြောက်လန့်တကြားအော်လိုက်တယ်"ရုန်အာ မင်း ငါ့ကို ဒီလိုလုပ်လို့မရဘူး။ မင်း ငါ့ကို ဝူချန်ဇီထံ မပို့ပါနဲ့။သူက ငါ့အသက်ကို ချန်ထားမှာ မဟုတ်ဘူး။မင်း ငါ့ကိုသေစေချင်တာဘဲ။ရုန်အာ ကျေးဇူးပြုပြီး ငါမင်းကို တောင်းပန်ပါတယ်။ငါက မင်းရဲ့ဝမ်းကွဲလေ။မင်း ဘယ်လိုလုပ်ပြီး ငါ့ကို ဒီလိုလုပ်နိုငါတာလဲ?"

"ငါ့အကိုကြီးကို နတ်ဆိုးတွေ ဖမ်းသွားတဲ့အချိန်တုန်းကရော သူက မင်းရဲ့ဝမ်းကွဲဆိုတာ မင်းသတိရလို့လား?"ဝူရုန်က လှောင်လိုက်တယ်။

အစောင့်တစ်ယောက်က ဝူယု၏ပါးစပ်ကို အဝတ်ဖြူတစ်ခုနှင့် ပိတ်လိုက်တယ်။

ဝူယုက ကြောက်ရွံ့စွာ ရုန်းကန်လိုက်တယ်။

အစောင့်က သူ့ကို သေတ္တာတစ်လုံးထဲကို ထည့်လိုက်ပြီး သေတ္တာကို အပြင်ကို သယ်သွားလိုက်တယ်။

"ရုန်အာ မင်းသူ့ကို တကယ်ဘဲ ဝူချန်ဇီထံကို ပို့မလို့လား?"နူမူက ပေးလိုက်တယ်။

"ကျွန်တော်က ကျွန်တော့်ဝမ်းကွဲအပေါ် အရမ်းရက်စက်တယ်လို့ထင်လား?"ဝူရုန်က မေးလိုက်တယ်။

"ငါက အနာဂတ်မှာ မင်းကနောင်တရမှာကို စိုးရိမ်တာပါ။ဒါက ဘာကြောင့် ငါက မင်းကို အတည်ပြုတာလဲဆိုတာဘဲ"နူမူက ဝူရှိထံကနေ ဝူယုအကြောင်းကို ကြားဖူးတာကြောင့် ဝူယုက ကြင်နာတတ်တဲ့လူမဟုတ်ဘူးဆိုတာ သိပြီးသားဖြစ်တယ်။ဒါ့ကြောင့် သူက ဝူယုအတွက်  မပြောပေးတာဖြစ်တယ်။ဒါပေမဲ့ သူက ဝူရုန်က မိသားစုကို သတ်မိတယ်ဆိုပြီး နောင်တရမှာ စိုးရိမ်နေတာဖြစ်တယ်။

COTAW(unicode)Where stories live. Discover now