243-245

3.1K 581 8
                                    


Chapter(243)
သူတောင်းစား(3)

အရင်ဘဝတုန်းက ဝူဝေ့ရွယ်ကြောင့်သာ မဟုတ်ဘူးဆိုရင် ဝူချန်ဇီက သူ့ကိုဆန့်ကျင်ဖို့ ဗုဒ္ဓလက်နက်ကိုသုံးမှာမဟုတ်ဘူး။ဒီလိုဆိုရင် သူကလည်း ဟေးရွမ်ရီနှင့်ခွဲရမှာ မဟုတ်ဘူး။အရင်ဘဝတုန်းက ဟေးရွမ်ရီအကြောင်းတွေးမိတိုင်း သူ့နှလုံးသားတွေက ကွဲကျေသွားသလိုခံစားရတယ်။

"မကောင်းတဲ့သူမဟုတ်ပါဘူး"ဟေးရွမ်ရီက သူ့ကိုဖက်ထားလိုက်ပြီး"ကိုယ်က မင်းကပိုပြီး ကြမ်းတမ်းလာတဲ့သူဖြစ်စေဖို့ ဆန္ဒရှိတယ်။

တကယ်လို့ လင်းမိုဟန်ကသာ ဝူဝေ့ရွယ်ကို ပြန်ပေးမဆွဲခဲ့ဘူးဆိုရင် ဟေးရွမ်ရီက သူမကိုသတ်ပစ်မှာဘဲ။

ဝူရုန်က သူ့ကိုကြည့်ပြီးမေးလိုက်တယ်"ဘာကြောင့်လဲ?"

ဟေးရွမ်ရီက သူ့နဖူးကို နမ်းလိုက်ပြီး"ဘာကြောင့်လဲဆိုတော့ ဒါမှ အန္တရာယ်တွေကနေ မင်းကိုယ်မင်း ကာကွယ်နိုင်လိမ့်မယ်"

"........"ဝူရုန်

သူကဆိုလိုချင်တာက သူကသူ့ကိုနှစ်သိမ့်ပေးနေတာလား?

"အိမ်ပြန်ချင်လား?မင်းက လျှောက်ပြီးတော့သွားချင်သေးလား?"

အနောက်ခြံဝင်းတစ်ခုလုံးပြည့်နေတဲ့ ကောက်ရိုးရိုင်းတွေကိုတွေးမိပြီး ဝူရုန်က သက်ပြင်းချပြီးပြောလိုက်တယ်"အိမ်ပြန်ရအောင်။ကျွန်တော်က ဆေးပင်တွေအများကြီးကို သန့်စင်ရအုန်းမယ်"

"ဘာဖြစ်လို့ ကောက်ရိုးရိုင်းတွေကို ဒီလောက်ထိ သန့်စင်နေရတာလဲ?"ဟေးရွမ်ရီကမေးလိုက်တယ်။

"ခင်ဗျားက မကြာခင်သိမှာပါ"ဝူရုန်ကပြုံးပြီး ပြောလိုက်တယ်။

သူတို့က အိမ်ပြန်ရောက်လာတဲ့ အချိန်မှာတော့ ဝူရုန်က တိုက်ရိုက်ဘဲ ဆေးသန့်စင်တဲ့ အခန်းထဲကို ဝင်သွားလိုက်တယ်။

နူမူက သူ့ကိုတွေ့တဲ့အချိန်မှာတော့ ညည်းညူတော့တယ်"ငါတို့မှာ ဆေးပင်တွေက ပိုပိုများလာပြီ။ဒါတွေက ဘယ်အချိန်မှာ ပြီးမှာလဲ?ငါတို့ကို ကူညီဖို့ သမားတော်အချို့ကို ဘာကြောင့်မငှားတာလဲ?ဒါကပိုပြီးတော့ အလုပ်ပြီးလုပ်ပြီးလိမ့်မယ်"

COTAW(unicode)Where stories live. Discover now