အခန်း(၁) ကိုယ့်အမှားကိုယ် ဝန်ခံရမယ်

7.2K 250 5
                                    

အခန်း(၁) ကိုယ့်အမှားကိုယ် ဝန်ခံရမယ်

ကျမ့်ယိလင် အခန်းထဲမှ ထွက်သွားပြီး အပေါ်ထပ်သို့ တက်သွားသောအခါ အောက်ထပ်မှ ဝမ်းနွမ်က သူမကို ရုတ်တရက် လှမ်းကြည့်လိုက်၏။

သူတို့ မျက်လုံးတွေ ဆုံသွားသောအခါ ဝမ်းနွမ်၏ မျက်နှာထားက နွေးထွေးမှု၊ ဝမ်းနည်းမှုများဖြင့် ပြည့်နှက်သွားသည်။ သူမ တစ်ခုခုပြောချင်သည့်ပုံ ပေါက်နေသော်လည်း တွန့်ဆုတ်သွားပါသည်။

သူမ၏ သမီးလေးကို ငယ်ရွယ်စဉ်ကတည်းက သူမ ချစ်မြတ်နိုးခဲ့သည်။ သို့သော်....

ဝမ်းနွမ်တစ်ယောက် ကျမ့်ရှုရှင်း၏ ရင်ခွင်ထဲတွင် စတင်ငိုကျွေးလေသည်။ သူမ ရှိုက်ငင်လျက် ပြောလိုက်၏။ "အားလုံး ကျွန်မ အပြစ်တွေပဲ။ ကျွန်မ ယိလင်ကို အရမ်း အလိုလိုက်ခဲ့မိတယ်...."

ကျမ့်ရှုရှင်းက စီးပွားရေးလောကထဲမှာ ကျင်လည်နေတာ နှစ်ပေါင်းများစွာကြာပြီဖြစ်ကာ ပြဿနာ ကြီးကြီးငယ်ငယ် ပေါင်းစုံကို ကျော်ဖြတ်ခဲ့ဖူးသော်လည်း တစ်ခါမှ မျက်မှောင် မကြုတ်ဖူးပါ။ သို့သော်လည်း ဒီနေ့ အဖြစ်အပျက်များက သူ့မျက်လုံးတွေကိုပင် နီမြန်းသွားစေခဲ့သည်။

"မဟုတ်ပါဘူး။ မင်းအပြစ်မဟုတ်ပါဘူး။ ကိုယ်လည်း မှားပါတယ်။ ကံကောင်းတာက သူ့ကို ဆုံးမဖို့ နောက်မကျသေးဘူး။ ကိုယ်တို့ သူ့ကို အခုကစပြီး သေချာဆုံးမမယ်ဆိုရင် ယိလင် သူ့ပုံစံကိုသူ ပြုပြင်နိုင်ပါသေးတယ်" ကျမ့်ရှုရှင်းက သူ့ဇနီး၏ ကျောပြင်ကို ညင်သာစွာ ပုတ်ပေးရင်း ပြောလိုက်သည်။

ကျမ့်ရှုရှင်းလည်း စိတ်အခြေအနေ ကောင်းမနေပါ။ သူတို့ရဲ့ သားသမီး ၄ ယောက်ထဲမှာ သူနဲ့ သူ့ဇနီးတို့က အငယ်ဆုံးလည်းဖြစ်၊ တစ်ဦးတည်းသော မိန်းကလေးလည်း ဖြစ်သည့် သူတို့သမီးကို ပိုမို အလိုလိုက်ခဲ့ကြမှန်း ဝန်ခံရမည်။

သို့သော်လည်း တခြား ကလေး ၃ ယောက်ကို မချစ်ဘူးဟု မဆိုလိုပါ။ သူ့ရဲ့ တတိယသား ဒီလိုမျိုး ဖြစ်ပျက်သွားသောအခါ သူခံစားချက်တွေ အတော်ဆိုးရွားခဲ့ပါသည်။

လင်မယားနှစ်ယောက် အချင်းချင်းကြည့်လိုက်ကြပြီး သူတို့မျက်လုံးတွေက ဝမ်းနည်းမှုများ၊ ဆွေးမြေ့မှုများ၊ တာဝန်ရှိမှုများ၊ တွန့်ဆုတ်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now