အခန်း(၉၁) ခွဲစိတ်ကုသဖို့ လူတွေ့ပြီ

991 101 0
                                    

အခန်း(၉၁) ခွဲစိတ်ကုသဖို့ လူတွေ့ပြီ

ဆွယ်တာကို ကျမ့်ယိလင်လေးကိုယ်တိုင် ထိုးထားတာ ဟူသည့် အပိုင်းအား အဘွားကျမ့် အလေးပေး ရေးသားလိုက်သည်။ မဟုတ်ပါက ကျမ့်ယိလင်လေး အွန်လိုင်းပေါ်က ဝယ်ထားတာဟု ကျမ့်ယုကျဲ ထင်သွားနိုင်ပါသည်။

နေ့စဉ် အလုပ်များနေရသော်လည်း ကျမ့်ယိလင်လေးက ကျမ့်ယုကျဲအတွက် ဆွယ်တာ ထိုးပေးဖို့ စိတ်ကူးရှိဆဲပင်။ ထို့ကြောင့် သူမရဲ့ စေတနာကို ကျမ့်ယုကျဲ နားလည်ဖို့ အရေးကြီးသည်။

သူတို့အကြားရှိ မေတ္တာက တစ်ဖက်သက်သာ မဟုတ်ကြောင်း သူ့ကို အသိပေးရမည်။ သူ့ဝမ်းကွဲညီမလေးကလည်း သူ့ကို ဂရုစိုက်ပါသည်။

"အဘွားကျမ့်က သခင်မလေးယိလင်နဲ့ သခင်လေးယုကျဲတို့အပေါ် အရမ်းကောင်းတာပဲနော်" ယာဉ်မောင်းက ပြောလိုက်သည်။

"ဒါကို ကောင်းတယ်လို့ မခေါ်သေးပါဘူး။ ယုကျဲရဲ့ အိပ်မက်က မျက်လှည့်ဆရာ တစ်ယောက် ဖြစ်လာဖို့လေ။ သူ့ကို ကူညီပေးဖို့ ငါအများကြီးလုပ်မပေးနိုင်ဘူး။ ရိုးရိုးသားသား ပြောရရင် အနာဂတ်မှာ သူဘယ်လမ်းကို လျှောက်မလဲဆိုတာကိုတောင် ငါမသေချာသေးဘူး"

အဘွားကျမ့်က ကျမ့်ယုကျဲအတွက် စိုးရိမ်မိပါသည်။

သို့သော်လည်း သူမ မြေးရဲ့ ဘဝကို ဝင်မစွက်ဖက်ချင်ပေ။ သူမ ဝင်စွက်ဖက်လိုက်ပါက မိသားစုအတွင်း မတည်မငြိမ် ဖြစ်လာပါလိမ့်မည်။

သူမ ဝင်စွက်ဖက်ပြီး ချွေးမဖြစ်သူနဲ့ စကားများ ရန်ဖြစ်ပါက သူ့မရဲ့ ဒုတိယသား ရှုဟုံကို အနေခက်စေရုံသာ ရှိလိမ့်မည်။

အဘွားကျမ့် မှတ်စုကို ရေးပြီးနောက် ဆွယ်တာထဲ ထည့်ဖွက်ထားလိုက်သည်။ ယာဉ်မောင်းလည်း ဟဲယန်တို့အိမ်သို့ ဆက်မောင်းလိုက်ပါသည်။

ဟဲယန်တို့ အိမ်ကို ရောက်သောအခါ အဘွားကျမ့်က စက္ကူအိတ်လေးနဲ့အတူတူ မနက်က အိမ်မှ ယူလာခဲ့သည့် ပစ္စည်းတချို့ကို ပေးလိုက်သည်။

အဘွားကျမ့်က သူမသားတွေအတွက် မကြာခဏ ပစ္စည်းတွေ ပို့ပေးတတ်သည်။ ထိုပစ္စည်းတွေက စျေးလည်းမကြီး အဖိုးလည်း မတန်သော်လည်း အဘွားကျမ့်ရဲ့မေတ္တာ ပြယုဂ်တစ်ခုအဖြစ် ပေးခြင်း ဖြစ်ပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Opowieści tętniące życiem. Odkryj je teraz