အခန်း(၈၄) ကျမ့်ယိလင်ကိုမြင်ရင် ရှောင်သာသွား

1K 109 0
                                    

အခန်း(၈၄) ကျမ့်ယိလင်ကိုမြင်ရင် ရှောင်သာသွား

ချွေ့ယီကျန်းက သူမအဖေရဲ့ မေးခွန်းကို ယုံကြည်ချက်ရှိရှိဖြင့် ပြန်ဖြေလိုက်ပါသည်။ "သူက အမြဲတမ်း ကိုယ့်ကိုယ်ကို ဘဝင် မြင့်နေတာကိုး! သူ့ကိုယ်သူ အရမ်းတွေ ပါရမီနဲ့ ပြည့်စုံနေတယ်ထင်ပြီး သောက်ရမ်း မောက်မာနေတာ! ပြီးတော့ ကျမ့်ယွင်နော်ကို လှေကားပေါ်က တွန်းချဖို့လည်း ဘယ်သူမှ သူ့ကို ခိုင်းခဲ့တာ မဟုတ်ဘူ!။ ကျမ့်ယွင်နော်ရဲ့ တစ်ဘဝလုံးကို ကျမ့်ယိလင် ဖျက်ဆီးခဲ့တာ!"

"နင်သောက်တုံးမပဲ!" ချွေ့လီယောင် အော်ငေါက်လိုက်ပါသည်။ သူ့သမီးကို ကျိန်ဆဲနေမိ၏။

"အဲ့တာ မျိုးရိုးလိုက်တာ နေမှာပေါ့!"

"နင်တော့!" ချွေ့လီယောင် အော်လိုက်သည်။ အသက်ဝဝရှူလိုက်ပြီး သူဆက်ပြောသည်။ "မဆိုင်တာတွေ မပြောနဲ့တော့။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ည ငါနဲ့ ကျမ့်အိမ်တော်ကို တောင်းပန်ဖို့ လိုက်ခဲ့ရမယ်"

"မလိုက်ဘူး!" ချွေ့ယီကျန်း ပြန်ပြောလိုက်၏။ ကျမ့်ယိလင်ကို တောင်းပန်ခိုင်းမလို့လား။ လုံးဝ မဖြစ်နိုင်ပါ။

"ဘာပြောတယ်" ချွေ့လီယောင် ခြောက်ပြောလိုက်သည်။ ဒေါသကြောင့် ရင်ဘတ်တွေလည်း နိမ့်ချည်မြင့်ချည် တက်နေပါပြီ။

"အခြေအနေကို အဘိုးကျမ့်နဲ့ အဘွားကျမ့်တို့ မသိလောက်သေးပါဘူး! သမီးကို သွားတောင်းပန်ခိုင်းရင် စွပ်စွဲသူမရှိဘဲ သွားဝန်ခံခိုင်းတာနဲ့ မတူဘူးလား"

ချွေ့လီယောင် ခေတ္တ ရပ်တန့်သွားသည်။ သူ့သမီးပြောတာ အဓိပ္ပာယ်ရှိပါသည်။

ဒီအဖြစ်အပျက်က ရှန်းဟွာမှာ အကြီးအကျယ် ဖြစ်ပျက်ခဲ့တာ ဆိုရင်တောင် ကျမ့်မိသားစု မသိလောက်သေးပါ။

ထို့အပြင် အရင်တစ်ခေါက်က ကျမ့်ယိလင် သူမ မိသားစုကို မပြောခဲ့သဖြင့် ဒီတစ်ခေါက်လည်း မပြောလောက်ပါ...။

သူမ စကားကို အဖေဖြစ်သူ တိတ်တိတ်ဆိတ်ဆိတ် စဉ်းစားနေတာကို မြင်သောအခါ သူ့ကို အယုံသွင်းလိုက်နိုင်ပြီဆိုတာ ချွေ့ယီကျန်း သိသွားပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now