အခန်း(၆၇) အစ်ကိုကြီးရဲ့ သံသယများ

1K 107 2
                                    

အခန်း(၆၇) အစ်ကိုကြီးရဲ့ သံသယများ

ညစာစားပြီးနောက် ကျမ့်ယွင်ချန်းက ကော်ဖီသောက်ချင်သည်ဟု ပြောလိုက်သည်။ ဒေါ်လေးအန်းကို ဖျော်ခိုင်းပြီး သူ့စာကြည့်ခန်းထဲ ဝင်ပို့ခိုင်းလိုက်ပါသည်။

ဒေါ်လေးမိုလိုမဟုတ်ဘဲ ဒေါ်လေးအန်းက ကျမ့်မိသားစုထံမှာ အလုပ်လုပ်ခဲ့တာ သက်တမ်း ပိုကြာပါပြီ။

ဝမ်းနွမ်ကို ငယ်စဉ်ကတည်းက ဒေါ်လေးအန်း စောင့်ရှောက်ပေးခဲ့သည်။ ထိုအချိန်ကတည်းက သူမ ဝမ်းမိသားစုမှာ နေထိုင်ခဲ့ပါသည်။

နောက်တော့ ဝမ်းနွမ်နဲ့ ကျမ့်ရှုရှင်းတို့ လက်ထပ်လိုက်ကြသောအခါ ဝမ်းနွမ်က ဒေါ်လေးအန်းကို ခေါ်လာခဲ့သည်။

အစပိုင်းတုန်းကတော့ ကျမ့်အိမ်တော်မှာ ရာသက်ပန်အိမ်စေဆိုလို့ ဒေါ်လေးအန်း တစ်ယောက်တည်းသာ ရှိသည်။ သို့သော်လည်း နောက်တော့ ဒေါ်လေးအန်း အသက်ကြီးလာတာနဲ့အမျှ ရုပ်ပိုင်းဆိုင်ရာ ခွန်အားလည်း လျော့နည်းလာခဲ့သည်။ ထိုအကြောင်းအရင်းကြောင့် အလုပ်တာဝန် မျှဝေဖို့အတွက် ဝမ်းနွမ်က နောက်ထပ် အိမ်စေတစ်ယောက်ကို ငှားခဲ့ရပါသည်။

ဒီလိုဆို ဒေါ်လေးအန်းက ချုပ်ပြုတ်ဖို့သာ တာဝန်ယူဖို့လိုသည်။ သန့်ရှင်းရေးလို တခြား ကိစ္စတွေကို ဒေါ်လေးမိုကို တာဝန်ပေးထားလို့ရပါသည်။

ဒီအသက်အရွယ်အထိ ဒေါ်လေးအန်း အိမ်ထောင်မကျခဲဲ့ပါ။ ထို့ကြောင့် ဝမ်းနွမ်နဲ့ သူမရဲ့ ကလေးတွေကိုသာ ကိုယ့်မိသားစုသဖွယ် စောင့်ရှောက်ပါသည်။

ကျမ့်မိသားစုရဲ့ သားသမီး ၄ ယောက်စလုံးက သူမမျက်စိရှေ့မှာ အရွယ်ရောက်လာကြတာ ဖြစ်သဖြင့် ကျမ့်ယွင်ချန်းက သူမကို အများကြီး ယုံကြည်ပါသည်။

ဒေါ်လေးအန်း သူ့စာကြည့်ခန်းထဲသို့ ရောက်လာ၏။ ကျမ့်ယွင်ချန်းက မေးလိုက်ပါသည်။ "ဒေါ်လေးအန်း၊ ဒေါ်လေးမိုက ဘယ်လိုလူမျိုးလဲ"

ကျမ့်ယွင်ချန်း ဘွဲ့ရပြီးမှ ဒေါ်လေးမို ကျမ့်အိမ်တော်ကို ရောက်လာခဲ့တာ ဖြစ်သည်။ ထိုအချိန်တုန်းက သူအိမ်မှာ သိပ်မရှိခဲ့ပါ။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now