အခန််း(၉၃) တဖက်လူက အရမ်းမျှော်လင့်ထားတယ်

1K 108 0
                                    

အခန််း(၉၃) တဖက်လူက အရမ်းမျှော်လင့်ထားတယ်

မတော်တဆ ဖြစ်ပျက်ခဲ့သည့် တည်နေရာရှိ လုံခြုံရေးဗီဒီယိုက ပျောက်နေသော်လည်း အနီးအနား တည်နေရာများရှိ လုံခြုံရေး မှတ်တမ်းတွေတော့ ရှိပါသေးသည်။

ထို့ကြောင့် ကျမ့်ယွင်ချန်း ထိုဗီဒီယိုတွေကို အကြမ်းဖျင်း စစ်ကြည့်လိုက်သည်။ ဘာတွေ ဖြစ်ခဲ့သလဲဆိုတာ သူသိရဖို့ အလွန့်အလွန် အရေးကြီးသည်။

သေချာပါသည်။ တခြားလုံခြုံရေး ဗီဒီယိုတွေထဲမှာ ဒေါ်လေးမိုကို ကျမ့်ယွင်ချန်း မြင်လိုက်ရ၏။

မတော်တဆမှုဖြစ်တုန်းကလည်း အခင်းဖြစ်ရာနေရာကို အရင်ဆုံး ရောက်လာတာက ဒေါ်လေးမိုဖြစ်သည်။ သို့သော် ဒါတိုက်ဆိုင်တာ မဟုတ်ပါ။

ဒေါ်လေးမို လှေကားထစ်များ ရှိရာနေရာကို ဆက်တိုက် ချောင်းချောင်းကြည့်နေတာကို မြင်သောအခါ ကျမ့်ယွင်ချန်း ကောက်ချက် ချလိုက်နိုင်သည်။ ထိုနေရာက ကျမ့်ယွင်နော်နဲ့ ကျမ့်ယိလင်တို့ စကားများ ရန်ဖြစ်ခဲ့သည့် နေရာပင်။

ကျမ့်ယွင်ချန်း မျက်မှောင်ကြုတ်သွားပြီး မျက်လုံးတွေထဲက အကြည့်ကလည်း ပိုမို မှောင်မိုက်သွားသည်။

ဗီဒီယိုအားလုံးကို ကြည့်ပြီးနောက် ကျမ့်ယွင်ချန်း မေးမြန်းလိုက်၏။

"လုံခြုံရေး ဗီဒီယိုတွေအတွက် တာဝန်ရှိသူက ဘယ်သူလဲ"

ဟဲယွင်ရှန်း အပန်းဖြေဟိုတယ်ရှိ လုံခြုံရေး မှတ်တမ်းများကို ကုမ္ပဏီတွင်းမှာပဲ သိမ်းဆည်းထားသည်။ အင်တာနက်နဲ့ ချိတ်ဆက်ထားခြင်း မရှိဘဲ လူကိုယ်တိုင် စီမံလို့ရသည်။

လုံခြုံရေးမှတ်တမ်း၏ အစိတ်အပိုင်းတစ်ခုကို ဖျက်ဆီးဖျောက်ဖျက်ချင်ပါက ဟိုတယ် အတွင်းကသာ လုပ်နိုင်လိမ့်မည်။ အဝေးက Hack ပြီး လုပ်နိုင်မှာ မဟုတ်ပါ။

အသက် ၂၀ ဝန်းကျင် လူငယ်လေး တစ်ယောက် ရှေ့ထွက်လာသည်။ သူ့ပုံစံက သာမန်လူတစ်ယောက်အတိုင်း ဖြစ်ကာ လူလည်း ကြောက်တတ်မည့်ပုံပင်။ ကျမ့်ယွင်ချန်း ခေါ်တာခံလိုက်ရသည့်အခါ အတော် စိတ်ဖိစီးသွားပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now