အခန်း(၁၀) ပေကျင်းမြို့က ဆရာရှန်း

1.7K 204 4
                                    

အခန်း(၁၀) ပေကျင်းမြို့က ဆရာရှန်း

အဘွားကျမ့် မတ်တပ် ထပ်ရပ်လိုက်ပြီး ကျမ့်ယိလင်လေးကို ထပ်မံ ချော့လိုက်ပါသည်။ "ဟုတ်ပြီ လိမ္မာတယ်သမီးလေး။ တစ်ခုခုအမှားလုပ်မိရင် ဝန်သာခံလိုက်။ ဒါပေမယ့် ဘယ်တော့မှ ထပ်တော့ မလုပ်ရဘူးနော်! သမီးကို တစ်ယောက်ယောက်က ဒေါသထွက်အောင် ထပ်လုပ်ရင် အဲ့လောက်ကြီး စိတ်တိုမလွယ်ရဘူး။ သမီးဘာလုပ်ရမှန်း မသိရင် ဘွားဘွားကိုသာ လာပြော"

အဘွားကျမ့်က သူမမြေးမ မှားမှန်းသိနေလျက်နဲ့ ထပ်ပြီး ကာကွယ်ပေးလိုက်ပြန်ပါသေးသည်။

သူမက ကျမ့်မိသားစုကို အမြဲကာကွယ်ပေးတတ်၏။ အထူးသဖြင့် ကျမ့်ယိလင်လေးကို ဖြစ်သည်။

ကျမ့်ယိလင်နဲ့ ကျမ့်ရှုရှင်းတို့ အဘိုးကျမ့်တို့အိမ်မှာပဲ ညစာစားခဲ့ကြပါသည်။

ညစာစားပြီးနောက် အားလုံး အတူတူဝိုင်းဖွဲ့ကာ လက်ဘက်ရည်သောက်ကြပါသည်။

ထို့နောက် ဟန်းယွမ်မြို့မှာ လတ်တလောဖြစ်ပျက်ခဲ့သည့် သတိထားမိစရာ အဖြစ်အပျက်တစ်ခု အကြောင်းကို အဘိုးကျမ့်မေးလိုက်၏။

"ပေကျင်းကအဲ့ဒီလူ ဟန်းယွမ်မြို့ကို ရောက်လာတယ်ကြားမိတယ်"

အဘိုးကျမ့်က ရှင်းရှင်းလင်းလင်းမပြောသော်လည်း သူဘယ်သူဘယ်ဝါကို ပြောနေမှန်း ကျမ့်ရှုရှင်း ကောင်းကောင်းသိပါသည်။ အဘိုးကျမ့်ပါးစပ်က ထုတ်ပြောရလောက်အောင် ထိုက်တန်သည့် လူမျိုးက အနည်းငယ်သာရှိသည်။

"ဟုတ်တယ် သူရောက်နေတယ်" ကျမ့်ရှုရှင်းက သတင်းကို အတည်ပြုပြီးသားဖြစ်သည်။

ဒီသတင်းကို ကျိုက်မိသားစုက တမင်သက်သက် လွှင့်ခဲ့သည်။ ဟန်းယွမ်မြို့က လူတိုင်း ထိုလူ့ကို စောင့်ကြည့်နေအောင်ဟူသော ရည်ရွယ်ချက်ဖြင့် လွှင့်ခဲ့ခြင်းဖြစ်၏။

"ဒါဆို မင်းသတိထားသင့်တာပေါ့။ သူနဲ့ခပ်ခွာခွာနေ။ ကျိုက်မိသားစုမှာ အဲ့ဒီလူက ပြဿနာ အများဆုံးပဲ။ တစ်ခုခုသာ ဖြစ်လာရင် ရှင်းဖို့ ခက်တယ်" အဘိုးကျမ့်တောင် ဒီကိစ္စကို စိုးရိမ်မိပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now